သတင်းများ

ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများအနက် ကျန်းမာရေး ပြန်လည်ကောင်းမွန်သူ ၁ နှစ်ခွဲ ကလေးငယ် အပါအဝင်(၁၂) ဦးဆေးရုံဆင်း‌
Jun 28,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများကို မြို့နယ်ကျန်းမာ‌ရေးဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကျန်းမာရေးကောင်းမွန်သူ (၁၂)ဦး ဆေးရုံ ဆင်းခွင့်ရရှိကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများကုသမည့် အထူးကြပ်မတ်ဆောင် ကြိုတင်ပြင်ဆင်
Jun 28,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများအား ကုသမည့် အထူးကြပ်မတ်ဆောင် ကြိုတင်ပြင်ဆင်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်း က ကြည့်ရှု၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးရှိသူများ ထပ်မံတွေ့ရှိ
Jun 28,2021
နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇဝနဒီပရပ်ကွက်နေသူ အမျိုးသမီးတစ်ဦး အနံ့ပျောက်ရာမှ နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ COVID-19 Positive တွေ့ရှိရသည့်အတွက် Primary Contact မိသားစုဝင်လေးဦးအား Quarantine ဝင်ရောက်ရန် စည်ပင်ဧည့်ရိပ်သာ(၂)သို့ ပို့ဆောင်ထားကြောင်း သိရသည်။
ရွှေသောင်ယံမြို့ ဂျိုင်ကြီးကမ်းခြေတွင် လင်းပိုင်( ဒေသအခေါ် ) လင်းရှူး အရှင်နှစ်ကောင် တွေ့ရှိ
Jun 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ် (၃)ရပ်ကွက်အပိုင် ဂျိုင်ကြီးကမ်းခြေတွင် ယမန်နေ့ နံနက်(၆)နာရီအချိန်က လင်းပိုင် (ဒေသအခေါ်) လင်းရှူး အရှင်နှစ်ကောင်ကမ်းတင်လျှက်ရှိသည်ကို ​ဒေသခံများမှ တွေ့ရှိရသဖြင့် တာဝန်ရှိသူများထံ အကြောင်းကြား၍ အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရွှေသောင်ယံမြို့ ငါးလုပ်ငန်းဦးစီးဌာန တို့မှ လာရောက်ကြည့်ရှုပြီး နံနက်(၈)နာရီ(၄၅)အချိန်တွင် စက်လှေဖြင့် ပင်လယ်တွင်းသို့ပြန်လည် လွှတ်ပေးခဲ့ကြကြောင်းသိရသည်။
မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ပန်ခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်များ ပေးအပ်
Jun 28,2021
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ၊ စစ်ကိုင်းမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ပေးအပ်ခြင်းကို ယနေ့ နံနက်(၁၁)နာရီက စစ်ကိုင်းမြို့ ရတနာဆင်များ ရှင်ဘုရား ရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အင်းစိန်မြို့နယ်၌ ပြည်သူများ၏ ကျန်းမာရေးအတွက် နေ့စဉ် ကြက်ခြေနီအသင်း (အင်းစိန်)မှ ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေး
Jun 28,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ကျန်းမာရေး ကောင်းမွန်စွာ နေထိုင်နိုင်စေရန် ရည်ရွယ်၍ ပြည်သူများ၏ ကျန်းမာရေးအတွက် နေ့စဉ်ကြက်ခြေနီအသင်း (အင်းစိန်) မှ တာဝန်ရှိသူများက (၂၄)နာရီအချိန်နှင့် တစ်ပြေးညီ သွားရောက်၍ ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။
ဖျာပုံမြို့၌ အခြေခံပညာကျောင်းပေါင်း ( ၂၉၈ ) ကျောင်းသို့ နှာခေါင်းစည်း Mask (၆၀၀၀၀) ပေးအပ်လှူဒါန်း
Jun 28,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ ဖျာပုံမြို့နယ်တွင် (ဧရာဝတီသားဟေ့ဆောက်လုပ်ရေး ကုမ္ပဏီ ) ဦးမင်းမင်း မိသားစုနှင့်အလှူရှင်များက ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ဖျာပုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၂၉၈) ကျောင်းသို့ နှာခေါင်းစည်း Mask (၆၀၀၀၀) ပေးအပ်လှူဒန်း ခြင်းကို ယနေ့ နံနက် ၉နာရီ အချိန်က၊ဖျာပုံမြို့ အထက(၁) အောင်မြေခန်းမ၌ ပြုလုပ်သည်။
ဗိုလ်တထောင်မြို့နယ်တွင် "အဖြူရောင်ရေခဲလွင်ပြင်နှင့် အညိုရောင်ချော့ကလက်အိပ်မက်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်
Jun 28,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် စာပေချစ်မြတ်နိုးသူများက မူးယစ်ဆေးဝါး အသိပညာပေး စာဖတ်ဝိုင်းကို ယနေ့ နံနက်(၉)နာရီအချိန်က မြို့နယ်ရုံး Community Center ခန်းမ တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။