ကော့ကရိတ်မြို့ပေါ်ရပ်ကွက် (၇)ရပ်ကွက်ရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များနှင့် ကုန်စုံဆိုင်များ ကွင်းဆင်းစစ်ဆေး

ကော့ကရိတ်  ဇွန်  ၂၉

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ပေါ်ရပ်ကွက် (၇)ရပ်ကွက်ရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များနှင့် ကုန်စုံဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ် ရောင်းချခြင်း ရှိ/မရှိကို ယ​နေ့ နံနက် ၉ နာရီအချိန်က မြို့နယ် ကိုဗစ် - ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ စောင့်ကြည့်ရေးကော်မတီ၊ ဌာနဆိုင်ရာများနှင့် ရက်ကွက် အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့တို့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင် ပြည်သူ့ဆေးရုံကြီးမှ ကြီးကြပ်(၁)နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် (၇)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့တို့က ကော့ကရိတ်မြို့ပေါ်ရပ်ကွက် (၇)ရပ်ကွက်ရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များနှင့် ကုန်စုံဆိုင်များမှ ဆိုင်ပိုင်ရှင်များအား မိမိတို့အနေဖြင့် ဆိုင်များဖွင့်လှစ်ရာတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးအတွက် အခြေခံကျသည့် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ဆိုင်ပိုင်ရှင်များ၊ တာဝန်ရှိသူများနှင့် ဝန်ထမ်းများအနေဖြင့် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ဆိုင်ထိုင် သွားရောက် စားသုံးသူများအနေဖြင့် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ စျေးဝယ်သူများ အနေဖြင့် လိုက်နာရမည့် အချက်များကို အသိပညာပေးခြင်းနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များပါဝင်သည့် အသိပညာပေး ဗွီနိုင်းပိုစတာများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စောအောင်မျိုးလွင်(ပြန် / ဆက်)