မော်လမြိုင် ဇွန် ၂၉
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လူထုလှုပ်ရှားမှု အသိပညာပေးMask Campaign ကို ယနေ့ နံနက် ၈ နာရီက ရွှေမြိုင်သီရိ ရပ်ကွက်စျေး အတွင်းနှင့် ဒိုင်းဝန်ကွင်း လမ်းမကြီးတစ်လျှောက် လမ်းသွားလမ်းလာပြည်သူများ လက်ဝယ် အရောက်နှာခေါင်းစည်း(Mask)အခုရေ (၁၀၀၀)အခမဲ့ဖြန့်ဝေ ပေးသည်။
ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါကြောင့် တစ်ဦးမှတစ်ဦးသို့ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် နေအိမ်ပြင်ပသို့ထွက်ခွာသူတိုင်း ပါးစပ်၊ နှာခေါင်းစည်း (Mask) စနစ်တကျ မဖြစ်မနေ တပ်ဆင်သွားလာကြရေး၊ မေးတွင်တပ်ဆင်ချိတ်ထားခြင်းမပြုကြရန်၊ ဈေးရောင်း၊ဈေးဝယ် ရာတွင်လည်း (၆)ပေ အကွာမှသာ ရောင်းဝယ်မှု ပြုကြရန်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ နှိုးဆော်အသိပေး ကြေညာချက်များ တိကျစွာလိုက်နာကြရန် အရှိန်အဟုန်မြင့် ဆောင်ရွက်ခဲ့ကြသည်။
ယင်းသို့ဆောင်ရွက်ပေးမှုကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ယု၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့တို့က မျိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါသည် ပြည်တွင်း ကူးစက်မှုနှုန်းမြင့်မားလာမှုကြောင့် ပြည်သူများအနေဖြင့် ရောဂါ ကူးစက် မှုမခံရစေရန် မိမိကစ ၍အသိ/သတိဖြင့်ကာကွယ်ကြစေလို သောရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)