ဝမ်းတွင်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် များဆောင်ရွက်ပေး

ဝမ်းတွင်း၊ ဇွန် ၂၉
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးလျက်ရှိရာ ဝမ်းတွင်းမြို့နယ်တမာကုန်းကျေးရွာအုပ်စု တွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
 
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းများကို မေလ(၃)ရက်နေ့မှစတင် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အချိန်ထိကျေးရွာအုပ်စုများဖြစ်သည့် ရေးဆုံးကျေးရွာ၊ အင်းခမ်းကြီးကျေးရွာ၊ဖလန်ကျင်းကျေးရွာ၊ ကုန်းကြီးကျေးရွာ၊ညောင်ပင်ကျေးရွာ၊ ထီးလှိုင်ကျေးရွာ၊ သဘွတ်ကုန်းကျေးရွာ၊ညောင်ပင်သာကျေးရွာ၊ ခံတောကျေးရွာ၊ဖလန်ကန်ကျေးရွာ၊
တမာကန်ကျေးရွာ စသည့်ကျေး ရွာအုပ်စု(၁၁)အုပ်စုဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။
ဝမ်းတွင်းမြို့နယ်အနေဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များပြု လုပ်ပေးခြင်းကိုမြို့နယ်ဦးစီးမှုး ဦးတင်ထွန်းနှင့်ဝန်ထမ်းများမှကွင်းဆင်းဆောင်ရွက်ပေးလျှက်ရှိပြီး (၂၉.၆.၂၀၂၁)ရက်နေ့ထိနိုင်ငံသားစိစစ်ရေးကတ်ပြား(၄၉၈)ခုနှင့်အိမ်ထောင်စုလူဦးရေစာရင်း(၆၃)ခု ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရသည်။