ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် နောင်ချိုမြို့မဈေးနှင့် ကျေးလတ်ဈေးများအား ဇူလိုင်လ ၆ ရက်အထိတိုးမြှင့်၍ ယာယီပိတ်ထား

နောင်ချို ဇွန် ၂၉

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဖြစ်ပွားလျက်ရှိသော ကိုဗစ် -၁၉ ရောဂါသည် ယခုအခါ ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ဖြစ်ပေါ်ပျံ့ပွားလျက်ရှိရာ နောင်ချိုမြို့မဈေးနှင့် ကျေးလတ်ဈေးများကို ဇူလိုင်လ ၆ ရက်နေ့အထိ တိုးမြှင့်၍ ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် ဇွန်လ ၂၉ ရက်နေ့မှ ယနေ့အထိ ရောဂါပိုးတွေ့ရှိသူများပြားလျက်ရှိရာ ရောဂါတားဆီးကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နောင်ချိုမြို့နယ် စည်ပင်သာယာရေးဌာန၏ ကွပ်ကဲမှုအောက်ရှိ နောင်ချိုမြို့မဈေးကြီးနှင့် ကျေးလက်ဈေးများဖြစ်သည့် ဘန့်ဘွေးဈေး၊ ဟိုခိုဈေး၊ သုံးဆယ်ဈေး၊ တောင်ခမ်းဈေး၊ ကံကြီးဈေးများကို (၂၃-၆-၂၀၂၁) ရက်မှ (၂၉-၆-၂၀၂၁) ရက်အထိ ပိတ်ထားခဲ့ပြီး ရောဂါပိုးတွေ့ရှိသူများ နေ့စဉ်များပြားလျက်ရှိသဖြင့် (၃၀-၆-၂၀၂၁) မှ (၆-၇-၂၀၂၁) ရက်အထိ တိုးမြှင့်ကာ ယာယီပိတ်ထားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။

ထွေးငယ်၊(ပြန်/ဆက်)