ချောင်းဦးမြို့နယ် မကျီးခွကျေးရွာ ကုန်ထုတ်လမ်းလုပ်ငန်း ပြီးစီးမှုများအား သွားရောက် စစ်ဆေး ခြင်း ဆောင်ရွက်

ချောင်းဦး ဇွန် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေး၀န်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးကိုစဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျေးလက် ကုန်ထုတ်လမ်းများ ဆောင်ရွက်ခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီ အချိန်က မကျီးခွကျေးရွာ ကုန်ထုတ်လမ်းလုပ်ငန်းပြီးစီး မှုများအား သွားရောက် စစ်ဆေးခြင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

"ချောင်းဦးမြို့နယ် ကျေးလက်ကုန်ထုတ်လမ်းများ ဆောင်ရွက်ခြင်းလုပ်ငန်းများကို ၂၀၁၈ ခုနှစ်၊ (၆)လ ဘတ်ချက်မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ၊ ချောင်းဦးမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် တွင် မကျီးခွကျေးရွာ၊ ကုန်ထုတ်လမ်း ဆောင်ရွက်ခြင်းလုပ်ငန်းကို ၂၀၂၁-ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ဆောင် ရွက်ခဲ့ပြီး၊ ၂၀၂၁-ခုနှစ်၊ မေလ ၁၂ ရက်နေ့တွင် လုပ်ငန်းများအားလုံး(၁၀၀%) ဆောင်ရွက်ခဲ့ ပြီးဖြစ်ကြောင်း၊ မကျီးခွကျေးရွာ ကုန်ထုတ်လမ်းကို တင်ဒါအောင်မြင်သည့် ပြည့်လျှံဟိန်းကုမ္မဏီမှ တာ၀န်ယူဆောင်ရွက်ခဲ့ပြီး၊ မြေသား တာဘောင်တင်ဂျင်းခင်းခြင်းလုပ်ငန်းအဖြစ် လမ်းအရှည် ၂ မိုင် ၂ ဖာလုံ၊ လမ်းအကျယ် ၁၂ ပေ၊ ထုထည် ၁ ပေ ၉ လက်မ အား ငွေကျပ်(၅၇.၇)သန်းဖြင့် တာ၀န်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်ခင်စိုး၀င်းက ပြောပြ၍ သိရသည်။

''မကျီးခွကျေးရွာ ကုန်ထုတ်လမ်းသည် ယခင်က မြေသားလမ်းဖြစ်ပြီး မိုးတွင်းကာလတွင်သာမက အခြားချိန်များတွင်ပါ သွားလာရခက်ခဲပြီး သီးနှံများခက်ခဲစွာသယ်ယူပို့ဆောင်ရပါကြောင်း၊ ယခုအခါ ကုန်ထုတ်လမ်း မြေသားတာဘောင်တင် ဂျင်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်၍ မကျီးခွကျေးရွာ၊ မင်းတည်ကျေးရွာ၊ မင်းခေါင်ကျေးရွာများမှ တောင်သူများ၏ ယာမြေဧက(၈၄၀) ကျော်မှ ထုတ်ကုန်/ထွက်ကုန်များကို ကုန်ကျစရိတ်အနည်းဆုံးဖြင့် ရာသီမရွေး လွယ်ကူလျင်မြန်စွာ သယ်ယူ ပို့ဆောင်နိုင်တော့မည်ဖြစ်၍ ယခုလို ကျေးလက်ကုန်ထုတ်လမ်းဆောင်ရွက်ပေးသော တာ၀န်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း" မကျီးခွကျေးရွာနေ ပြည်သူတစ်ဦးက ပြောပြ ချက်သိရသည်။

အိအိအောင်(ချောင်းဦး)