နမ္မတူမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပိုးသတ်ဆေးဖျန်းဆောင်ရွက်

နမ္မတူ   ဇွန်   ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာ အလယ်တန်းကျောင်း၌ ယမန်နေ့ နေ့လည် (၁)နာရီအချိန်ခန့်က ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး ပိုးသတ်ဆေးဖျန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ အမှတ်(၂) အခြေခံပညာ အလယ်တန်းကျောင်းရှိ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့သည့် ဆရာမ (၃)ဦးအား စောင့်ကြည့်ထားရှိရာ ခန်းမဆောင်၊ ဆရာ/ဆရာမများ နားနေဆောင်နှင့် ကျောင်းဝင်းအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပိုးသတ်ဆေးဖျန်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)