ရမည်းသင်း ဇွန် ၂၉
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကျား/မ လူမှုရေးရာ၊ အမျိုးသမီးများ အားနည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်းဗင်းရှင်းနှင့် အမျိုးသမီးများ ဖွံဖြိုး တိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း အသိပညာပေးသင်တန်းကို ယနေ့ နံနက် (၁၀)နာရီက ရမည်းသင်း ခရိုင်လူမှုဝန်ထမ်း မူလတန်းကြိုကျောင်းခန်းမ၌ကျင်းပပြုလုပ်သည်။ အဆိုပါသင်တန်းတွင် ရမည်းသင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံး၊ ခရိုင်ဦးစီးမှူး ဒေါ်တိုးတိုးသန်းမှ ကျား/မ ရေးရာ(Gender) အကြောင်းကိုလည်းကောင်း၊ ဒုတိယဦးစီးမှူးဒေါ်အိမွန်ခိုင်မှ အမျိုးသမီးများအားနည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကိုလည်းကောင်း၊ ဌာနစိတ်မှူးဒေါ်ဆုမွန်ဖြိုးမှ အမျိုးသမီးများ ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းကိုလည်းကောင်းအသီးသီး ပရိုဂျက်တာဖြင့်ရှင်းလင်ပြီးသင်တန်းတက်ရောက်လာသူများမှသိရှိလိုသည်များကိုမေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများကပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။ အဆိုပါသင်တန်းကို ရမည်းသင်းခရိုင်နှင့် မြို့နယ်အမျိုးသမီး ကော်မတီဝင်(၅)ဦး၊ ကိုယ်အားကိုယ်ကိုး မူလတန်းကြို ကျောင်းများမှ ကျောင်းတာဝန်ခံ(၉)ဦးနှင့် ရမည်း သင်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ်တို့မှ မိခင်ဝိုင်းတာဝန်ခံ(၁၈)ဦး စုစုပေါင်း(၃၂)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင်ပြန်/ဆက်၊ရမည်းသင်း