ကျောက်ဖြူ ဇွန် ၂၉
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် အတွက် ဇွန်လ နောက်ဆုံးအပတ်က မြို့အဝင်၊အထွက်နေရာများ၌ ကျန်းမာရေး စစ်ဆေးရေးဂိတ် Check Point များကိုပြန်လည်ဖွင့်လှစ်၍ စစ်ဆေးခြင်းများကို အရှိန်အဟုန်မြှင့်ကာ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန် ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့် ပူးပေါင်း အဖွဲ့တို့က မြို့အဝင်၊ အထွက်ဂိတ်နေရာများဖြစ်သည့် ကျောက်တစ်လုံးစစ်ဆေးရေးဂိတ်၊ လေဆိပ် စစ်ဆေးရေးဂိတ်နှင့် ငလပွေ့ဆိပ်ကမ်းစစ်ဆေးရေးဂိတ် စသည့်ကျန်းမာရေးစစ်ဆေးရေးဂိတ်များကို နေရာ(၃) နေရာခွဲ၍ ဖွင့်လှစ်ထားရှိပြီး လမ်းသွားလမ်းလာပြည်သူများ၊ အငှားယာဉ်မောင်းနှင် သူများ၊ ကုန်းလမ်း၊ ရေလမ်း၊ လေ ကြောင်းလမ်းတို့ဖြင့် လိုက်ပါလာကြသည့် ခရီးသည်များအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်စေခြင်း၊ လက်ဆေးစေခြင်း၊ ခရီးသွား ရာဇဝင်အားမေးမြန်း၍ ခရီးသွားမှတ်တမ်း ရယူခြင်းများ ဆောင်ရွက်ကာ နှာခေါင်းစည်း မပါရှိသူများအား နှာခေါင်းစည်းများဝေငှပေးခြင်းနှင့် အသိ ပညာပေးများကို ဆောင်ရွက် လျက်ရှိသည်။
ကျောက်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများမှလည်း လူစည်ကားရာ လမ်းဆုံ၊လမ်းခွနေရာများနှင့် စာသင်ကျောင်းများသို့သွားရောက်၍ နှာခေါင်းစည်းများဝေငှပေးခြင်း၊ အများမြင်သာ သည့်နေရာများတွင် အသိပညာပေးဗီနိုင်း ပိုစတာ ကားချပ်များအား ချိတ်ဆွဲပြသခြင်း၊ အသံချဲ့စက် များဖြင့် မြို့ပေါ်ရပ်ကွက် များသို့လှည့်လည်၍ အသိပေးနှိုးဆော်ခြင်း အစရှိသော ကြိုတင်ကာ ကွယ်ရေး လုပ်ငန်းများအား အရှိန် အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း