အေးမြသာယာတွင် ၄၀၀ ဗို့အားလိုင်း တည်ဆောက်နေမှု ၅၀ ရာခိုင်နှုန်းပြီးစီး

အုတ်ဖို ဇွန် ၂၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အေးမြသာယာကျေးရွာတွင် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ၄၀၀ ဗို့အားလိုင်းတည် ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၅၀ ရာခိုင်းနှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းကို အေးမြသာယာကျေးရွာ အမှတ် ၃၊ ၇၊ ၈၊ ၉၊ ၁၀ ရက်ကွက်တို့တွင် တစ်ရပ်ကွက်လျှင် ပေ ၁၂၀၀ စီဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ယခင်က အဆိုပါရပ်ကွက်များတွင် ဆားဗစ်ကြိုးများမှာ အရှည်ဆွဲထားတာဖြစ်တဲ့အတွက် လျှက်စစ်အန္တရာယ် ကင်းရှင်းရေးနှင့် ဗို့အားပြည့်မီစွာ သုံးစွဲနိုင်ရေး အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊  ရာနှုန်းပြည့်ပြီးစီးပါက ဒေသခံပြည်သူများအနေဖြင့် လျှက်စစ်အန္တရာယ် ကင်းရှင်းပြီး ဗို့အားပြည့်မှီစွာ သုံးစွဲနိုင်မည်ဖြစ်ကြောင်း အေးမြသာယာ မြို့လျှပ်စစ်မှူး ဦးဟန်ရွှေထံမှ သိရသည်။ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ ကို ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုခဲ့ပြီး စံချိန်စံညွှန်းပြည့်မီရေးနှင့် သက်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

အောင်သူ