မအူပင်ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မအူပင် ဇွန် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီကမအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မအူပင်ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးညီညီထွေးက ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ(၂၆)မြို့နယ်များအား ကိုဗစ်-၁၉အသိပေး ကြေငြာချက်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေငြာချက်များ အားမြို့ပေါ်ရပ်ကွက် /ကျေးရွာများ အလိုက်လိုက်လံ ကြေငြာထားရှိပြီး Hotel Quarantine ထားရှိရန် တိုင်းကိုဗစ်-၁၉ကော်မတီသို့ခွင့်ပြုချက် ရရှိရေးတင်ပြပေးမည် ဖြစ်ကြောင်း၊ မြို့အဝင်နယ်စပ်ဂိတ်များအားစည်းကမ်းနှင့်အညီစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပြီး၊ Facility Quarantine မှာခရိုင်အားကစားခန်းမတွင် စီစဥ်ထားရှိပြီး ဒုတိယနေရာအဖြစ် တိုးရွှေဝါခန်းမတွင် ပြင်ဆင်ထားရှိရန်၊ (၁၀)ရက်အသွားအလာ ကန့်သတ်ပြီး( ၂ ) ကြိမ်စစ်ဆေးမည်ဖြစ်ပြီး ၊ Mask များဖြန့်ဝေကာအသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးဌာန၏ သဘောထားနှင့်အညီ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း၊ လူမှုရေးအသင်းအဖွဲ့ များ၊Volunteer များကိုလည်းပါဝင်ရေး ဖိတ်ခေါ်ပါကြောင်း ဘဏ္ဍာငွေရှာဖွေရရှိနိုင်ရေး ဆွေးနွေးပေးရန် ပြောကြားခဲ့သည်။

ခရိုင်ဆေးရုံအုပ်ဒေါက်တာကျော်စွာလွင်က ဆေးရုံတွင်လူနာများ အတွက်ပြင်ဆင်ထားရှိမှု၊ အဆောင်တိုးချဲ့သွားမည် အခြေအနေ၊ Positive လူနာများ အားတစ်ပတ်လျှင် နှစ်ကြိမ်စစ်ဆေးပေးလျက်ရှိကြောင်း၊ ဆေးရုံအတွက်N.95ဝတ်စုံလိုအပ်မှုများ၊ Hotel Quarantine ထားရှိမည့်နေရာ အားစိစစ်ဆောင်ရွက် သွားမည်ဖြစ်ပြီး စားသောက်ရေးအထိ Hotel ကနေစီစဥ်စေပြီး ကုန်ကျစရိတ်အား သတ်မှတ်ရန် Home Quarantine အားအနေထားပေါ်မူတည်၍ ခွင့်ပြုရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယနေ့အထိ ပြည်သူ့ဆေးရုံတွင် Positive လူနာ(၆)ဦးရှိပြီး Facility Quarantine တွင် ထိစပ်လူနာစုစုပေါင်း(၃၉)ဦး ရှိပြီဖြစ်ကြောင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းကအားကစားခန်းမမှာ Facility Quarantine ထားရှိရန်သုံးရေ၊ ကျား/ မ အိမ်သာပြင်ဆင်ဆောင်ရွက်ထားရှိမှု ဆက်လက်၍ ဒုတိယနေရာ အဖြစ် တိုးရွှေဝါခန်းမအားပြင်ဆင်သွား မည်ဖြစ်ကြောင်း အသိပညာပေးရေး အတွက် ကိုဗစ်ထိန်းချုပ်ရေး လုပ်ငန်းများကို တင်းတင်းကြပ်ကြပ ်ဆောင်ရွက်ပေးရန်လိုကြောင်းတင်ပြဆွေးနွေးခဲ့ပါသည်။ ၎င်းနောက် အဖွဲ့ဝင်ဦးသိန်းစိုးက ဘဏ္ဍာငွေရှာဖွေရေးအစားမြို့နယ် အထောက်အကူ ပြုရေးအဖွဲ့ အဖြစ်ပြင်ဆင်ဖွဲ့စည်းစေလိုကြောင်း (၂၃)ဦး ဖွဲ့စည်းထားသည် ကော်မတီမှလူနာများနှင့် Volunteer များအတွက်ထမင်းကျွေးမွေးရာတွင် ဘဏ္ဍာငွေမှ သုံးစွဲသွားနိုင်ရေးနှင့်ရှေ့ဆောင်ဘဏ်တွင် အပ်နှံထားရှိသည့် ဘဏ္ဍာငွေအား မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ကော်မတီဝင်များမှ ထုတ်ယူသုံးစွဲနိုင်ရေးဆွေးနွေးခဲ့ပါသည်။

ထို့နောက် ခရိုင်စီမံချုပ်ရေးအဖွဲ့ဥက္ကနှင့် အဖွဲ့ဝင်များက တင်ပြချက်များ အားပေါင်းစပ်ညှိနှိုင်းပေးပြီးအစည်းအဝေးကိုညနေ(၄)နာရီတွင်ရုပ်သိမ်းခဲ့ပါသည်။အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းဝေးသို့ခရိုင်၊ မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များ၊ မြို့မိမြို့ဖများနှင့်လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြောင်းသိရသည်။ ခရိုင်ပြန်/ဆက်(မအူပင်)