ပွင့်ဖြူမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၀)အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဂုဏ်ပြုဆုချီးမြှင့်ပွဲ ကျင်းပ 

ပွင့်ဖြူ  ဇွန်  ၂၉ 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၀)အောက် ကလပ်ပေါင်းစုံ ဖူဆယ်ဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ အားကစားကွင်း၌ ကျင်းပသည်။ 

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်က မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၀)အောက် ကလပ်ပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် (ပထမ၊ ဒုတိယ၊ တတိယ) ဆုရရှိသူ များကို ဂုဏ်ပြုအမှာစကား ပြောကြားပြီး ဆုရရှိသည့်အသင်းများအား တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုများ ဂုဏ်ပြု ပေးအပ်ချီးမြှင့်ခဲ့သည်။ 

အဆိုပါ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၀)အောက် ကလပ်ပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲကို မြို့နယ် အတွင်းရှိ ဘောလုံးအားကစားဝါသနာရှင် ကလပ်အသင်း(၈)သင်း ဝင်ရောက်ယှဉ်ပြိုင်ကစားကြပြီး ယနေ့နံနက်ပိုင်းက ဗိုလ်လုပွဲအဖြစ် Giaint FC အသင်းနှင့် ကံသာကြီးကျေးရွာ(FC) အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ Giaint FC အသင်းက  တံခွန်စိုက်ဖလား ပထမဆုကို ဆွတ်ခူးအနိုင်ရရှိခဲ့ပြီး ကံသာကြီးကျေးရွာ (FC) အသင်းက ဒုတိယဆုကို လည်းကောင်း၊ ဘိုကုန်းကျေးရွာ (FC) အသင်းက တတိယဆုကို လည်းကောင်း ဆုများအသီးသီးရရှိခဲ့ကြောင်း  မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးရန်လင်းအောင်ထံက သိရသည်။ 

ရဲဝင်းနိုင် (ညောင်ဦး )