ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းဆောင်ရွက်

ပုဗ္ဗသီရိ ဇွန် ၂၉

နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးနှင့် နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်မှုရှိစေရန်အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းကာ နှာခေါင်းစည်း(Mask) များ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး ခြင်းကို ယနေ့နံနက် ၈နာရီအချိန်က ငုရွှေဝါဈေး(ပတ္တာဈေး)နှင့် ကျည်တောင်ကန် အမှတ်(၁) ရပ်ကွက်ရှိ ကျည်တောင်ကန်ဈေးတို့တွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ပေးရာ၌ ပုဗ္ဗသီရိမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ကြည်နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများမှ အကြောင်းအမျိုးမျိုးကြောင့် နေအိမ်ပြင်ပသွားလာသူများ၊ ဈေးအတွင်းဈေးရောင်းချသူများနှင့် ဈေးဝယ်သူများအား နှာခေါင်းစည်း (Mask) များတပ်ဆင်ပြီး သွားလာကြရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်း (Mask) (၆၅၀)ကို အခမဲ့ ဖြန့်ဝေပေးခဲ့ ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)