ပွင့်ဖြူမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သီးနှံဧကများအတွက် ထောက်ပံ့ငွေများပေးအပ်

ပွင့်ဖြူ ဇွန် ၂၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ၂၀၁၉ - ၂၀၂၀ ခုနှစ်၊ သဘာဝဘေးအန္တရာယ်အကြောင့် ထိခိုက်ပျက်စီးခဲ့သည် သီးနှံပျက်စီးဧကများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဉတ္တမ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်က နိုင်ငံတော်အစိုးရမှ ကျေးလက်နေတောင်သူများ သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံစိုက်ခင်းများ ထိခိုက်ပျက်စီးခဲ့မှုအပေါ် အခက်အခဲမဖြစ်စေရေးအတွက် ထောက်ပံ့ငွေများ ပေးအပ်ရခြင်းဖြစ်၍ တောင်သူများအနေဖြင့် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် သီးနှံထောက်ပံ့ငွေများကို မိမိတို့၏ လယ်ယာလုပ်ငန်းခွင်အတွက် အကျိုးရှိရှိ သုံးစွဲ လုပ်ကိုင်သွားကြရန် ဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပွင့်ဖြူမြို့နယ်အတွင်း ၂၀၁၉ - ၂၀၂၀ ခုနှစ် ၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက် ပျက်စီးခဲ့သည့် ကျေးရွာပေါင်း (၁၄)ရွာမှ မိုးစပါး ၁၅၃၂ ဧက အတွက် တစ်ဧကလျှင် ထောက်ပံ့ငွေကျပ် ၁၀၀၀၀ နှုန်းကို လည်းကောင်း ၊ နွေစပါး(၆)ဧက အတွက် တစ်ဧကလျှင် ထောက်ပံ့ငွေကျပ် ၂၅၀၀၀၀ နှုန်းကို လည်းကောင်း၊ မိုးပဲတီစိမ်း (၁၀)ဧက အတွက် တစ်ဧကလျှင် ထောက်ပံ့ငွေကျပ် ၅၀၀၀ နှုန်းကို လည်းကောင်း၊ နွေနှမ်း(၁၉၈)ဧကအတွက် တစ်ဧက လျှင် ထောက်ပံ့ငေွကျပ် ၅၀၀၀၀ နှုန်းကို လည်းကောင်း၊ စုစုပေါင်း သီးနှံထောက်ပံ့ငွေကျပ် ၂၆၇၇၀၀၀ အား တောင်သူများ လက်ဝယ်အရောက် စနစ်တကျ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)