မိုင်းနောင်မြို့တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

မိုင်းနောင်  ဇွန်  ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့်စိမ်းလန်းစိုပြေရေးအတွက် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၉)နာရီ အချိန်က အမှတ်(၃)ရပ်ကွက် ကုန်းမြေတွင်စုပေါင်းစိုက်ပျိုးခဲ့ပါသည်။

  ရှေးဦးစွာ မိုင်းနောင်မြို့၊ အမှတ်(၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဦးစီးမှူး(ပထမတန်း)၊ (ဦး၊ ရေး၊ ထောက်)ဒုတိယဗိုလ်မှူးကြီး ဇော်ညိုမင်းက ကျွန်း၊ မယ်ဇလီ၊ စိန်ပန်းပျိုးပင်များကို သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာသော တပ်ရင်းတပ်ဖွဲ့များအား လည်းကောင်း၊ မြို့အုပ်ချုပ်ရေးမှူး ဦးရဲနိုင်ထွန်းက ဌာနဆိုင်ရာတာဝန်ရှိသူများအားလည်း​ကောင်း အသီးသီး ပေးအပ်ခဲ့ပါသည်။  စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်းပင်(၁၀၀)ပင်၊ မယ်ဇလီပင် (၅၀)ပင်၊စိန်ပန်း(၅၀)ပင်တို့ကိုတပ်ရင်းတပ်ဖွဲ့များမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ပညာရေး၊ ကျန်းမာရေးဌာနများမှ ဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများ အင်အား(၁၀၀) ဦးခန့်ပါဝင်၍ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

နန်းမီး(မိုင်းနောင်)