ရေဖြူမြို့နယ်တွင် ကာကွယ်ဆေး မထိုးနှံရ‌သေးသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ရေဖြူ ဇွန် ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် မြို့နယ်အတွင်းရှိ ကာကွယ်ဆေး မထိုးနှံရ‌သေးသူများအား ယနေ့နံနက် ၁၀ နာရီတွင်‌ရေဖြူမြို့နယ် ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမြင့်ကျော်နှင့် ကျန်းမာရေး ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ကာကွယ်ဆေး ထိုးနှံခြင်းမပြုရသေးသော ဝန်ထမ်းများနှင့် ပြည်သူတို့အား ရောဂါကာကွယ်ဆေး(ပထမအကြိမ်) ထိုးနှံပေးခဲ့သည်။

ရေဖြူမြို့နယ်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား လူဦးရေ(၃၀၀)ဦး စာအတွက် ဆေးအလုံး ရေ(၆၀၀)ခွဲတမ်းရရှိခဲ့ကြောင်းသိရသည်။