မြေသားရေလှောင်ကန်အား ပြင်ဆင်ခြင်းနှင့် စင်မြင့်ရေကန် တည်ဆောက်ပြီးစီးနေမှုအား ကြည့်ရှုစစ်ဆေး

ထားဝယ် ဇွန် ၂၉

တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကူးတို့ကျေးရွာ တွင် သောက်သုံးရေအလုံ အလောက် ရရှိစေရန် ရည်ရွယ်၍ မြေသားရေလှောင်ကန်အား ပြင်ဆင်ခြင်းနှင့် စင်မြင့်ရေကန် တည်ဆောက်ပြီးစီးနေမှုကို ယမန်နေ့ ညနေပိုင်း က တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးမှူးနှင့် တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်

ထို့နောက် တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးရဲခေါင်က မြေသားရေကန်တိုး ချဲ့ပြင်ဆင်ခြင်းနှင့် စင်မြင့်ရေကန် တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးနေမှု အခြေအနေများကို စံချိန် စံညွှန်းနှင့်အညီ ကိုက်ညီမှုရှိ/မရှိ ကြည့်ရှုစစ်ဆေးပြီး ကျေးရွာသူ/ ကျေးရွာသားများအား ရေပေးရေးလုပ်ငန်းနှင့် ပတ်သက်၍ ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းကြစေလိုကြောင်း ဆွေးနွေးမှာ ကြားခဲ့သည်

ရေပေးရေးလုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြေသားရေကန် တိုးချဲ့ခြင်းလုပ်ငန်း (၈၀ ပေ x ၈၀ ပေx ၆ ပေ) အား မွမ်းမံရန်ပုံငွေဖြင့် ခွင့်ပြုငွေကျပ်(၄.၈၀)သန်းနှင့်  စင်မြင့်ရေကန် တည်ဆောက်ခြင်းလုပ်ငန်းအား Successful TMA Co;Ltd မှ တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုအခါ ရာခိုင်နှုန်း ပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းနှင့် ကျေးရွာရှိ အိမ်ခြေ ၂၅၄ အိမ်၊ လူဦးရေ ၁၇၇၉ ဦးအား အကျိုးပြု စေမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးမှူး ဦးရဲခေါင်နှင့် တာဝန်ရှိသူများက မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန် ပုံငွေဖြင့် ဝက်မွေးမြူရေးလုပ်ငန်း​ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်

ကျော်ကျော်လတ်