ကော့ကရိတ်မြို့၌ ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုကာကွယ်နိုင်ရန် Mask Campaign ဆောင်ရွက်

ကော့ကရိတ်  ဇူလိုင် ၂

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကော့ကရိတ်မြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်းတပ်ဆင်ရေး Mask campaign ကို    ယနေ့နံနက် ၈နာရီအချိန် က  ကော့ကရိတ်မြို့ရှိ  လမ်းဆုံများ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူ (၂၀) ဦးက  ကော့ကရိတ်မြို့မစျေးသို့ သွားလာရသည့် လူစည်ကားရာလမ်းဆုံများဖြစ်သော အမှတ် (၃) ရပ်ကွက်၊ မြို့မရဲစခန်းရှေ့ မီးပွိုင့်လမ်းဆုံနှင့် နာရီစင်ရှေ့ လမ်းဆုံများတွင် သွားလာလျက်ရှိသည့် စျေးဝယ်များနှင့် အပြင်သွားလာရာတွင် နှာခေါင်းစည်း Mask တပ်ဆင်ထားခြင်းမရှိသည့် လမ်းသွားလမ်းလာပြည်သူများအား Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စောအောင်မျိုးလွင် (ပြန်/ဆက်)