ရွှေကျင်မြို့နယ် အနောက်ဘက်ကျေးရွာအုပ်စုအတွင်း၌ နှာခေါင်းစည်း (Mask) အခု (၈၅၀) ဖြန့်ဝေပေး

 

 

ရွှေကျင် ဇူလိုင် ၂

 

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် အနောက်ဘက်ကျေးရွာအုပ်စုအတွင်း လမ်းဆုံလမ်းခွများ ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဇူလိုင်၂ ရက်နံနက်၇ နာရီ အချိန်မှစ၍ နှာခေါင်းစည်း(Mask)များကို ဖြန့်ဝေပေးခဲ့သည်။

 

အနောက်ဘက်ကျေးရွာအုပ်စုအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးဦးမင်းလွင်ဦး၏ စီစဉ်ကြီးကြပ်မှုဖြင့် ကျေးရွာတာဝန်ရှိသူများက အနောက်ဘက်ကျေးရွာ၊ သောင်လယ်ကျေးရွာ၊ မောင်းရုံကျေးရွာနှင့် ဝဲကြီးကျေးရွာများရှိ ကျေးရွာအဝင်/ အထွက် လမ်းဆုံလမ်းခွများ၌ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပ သွားလာနေကြသူများအား နှာခေါင်းစည်း (Mask) အခု (၈၅၀)အား ပြည်သူများ၏ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ထွန်းထွန်းဇော်