လှိုင်းဘွဲမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်

ပိုင်ကျုံ ဇူလိုင် ၂

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ လှိုင်းဘွဲမြို့နယ်ရုံး ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်သော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်း က ပိုင်ကျုံမြို့၊ ကစိုရွာသစ်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပသည်။

ပေးအပ်ပွဲတွင် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးစောမြင့်ဦး က အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၃) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစိုးလွင် က နိုင်ငံသားလုပ်ငန်းဆိုင်ရာများအား ရှင်းလင်းပြောကြားကာ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ (လှိုင်းဘွဲ)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စံထူးကျော် တို့က ပိုင်ကျုံမြို့၊ ကစိုကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ အိမ်ထောင်စုလူဦးရေစာရင်း (၂၈)စု၊ အမျိုးသား(၆၈)ဦးနှင့် အမျိုးသမီး(၅၁)ဦး စုစုပေါင်း(၁၁၉)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြား များ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။

ထို့နောက် ကစိုကျေးရွာနေပြည်သူတစ်ဦး က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့သည် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲသို့ တက်ရောက်လာသော ကျေးရွာသူ၊ ကျေးရွာသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေစကားများပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)