ကလေးဝ ဇူလိုင် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ကျောင်းသား ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးရေး အဟာရဖြည့်စွတ်စားအဖြစ် ငှက်ပျောသီးကျွေးမွေးနိုင်ရန်အတွက် ရည်ရွယ်ပြီး ငှက်ပျောပင် စိုက်ပျိုးပွဲကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ငှက်ပျောပင်စိုက်ပျိုးပွဲကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဇော်ဇော်အောင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိမူလတန်းအဆင့်အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးရေးအာဟာရဖြည့်စွတ်စားအဖြစ် ငှက်ပျောသီးကျွေးမွေးနိုင်ရန်အတွက် ရည်ရွယ်ပြီး ငှက်ပျောပင်စိုက်ပျိုးပွဲကို ပြုလုပ်ရာ မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များက ငှက်ပျောပင် ၅၀ ပင်ကိုစုပေါင်း၍ စိုက်ပျိုးခဲ့သည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးနိုင်က ငှက်ပျောမျိုးများ မြေအမျိုးအစား ရာသီဥတု မျိုးပွားခြင်း မြေသြဇာကျွေးခြင်း သားတက်များမွေးမြူးခြင်း စသည့်ငှက်ပျော စိုက်ပျိုးနည်း များအား တက်ရောက်လာကြသူများကို အသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)