မြစ်ကြီးနားမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း ဆိုင်ရာများအသိပညာပေးဆွေးနွေးဟောပြော

မြစ်ကြီးနား     ဇူလိုင် ၁၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နေ ပြည်သူများယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို အလေးထား လိုက်နာတတ်စေပြီး ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယနေ့ နံနက် ၉ နာရီခွဲက ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းဆိုင်ရာအသိပညာပေးဟောပြောပွဲကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် အမှတ်(၁၅) ယာဉ်ထိန်းရဲ ဒုတိယတပ်ဖွဲ့ခွဲ(ကချင်) ဒုတိယတပ် ဖွဲ့ခွဲမှူး ရဲမှူးမင်းရန်ထွန်းနှင့် တာဝန်ရှိသူများက အဆိုပါ ကျောင်းမှ ကျောင်းအုပ်နှင့် သင်ကြား ရေးဆရာ၊ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူနှင့် ကျောင်းသားမိဘများအား မော်တော်ယာဉ်များ မောင်းနှင်အသုံးပြုရာတွင် သတိပြုလိုက်နာရမည့် စည်းကမ်းများ၊ လမ်းအသုံးပြုခြင်းနှင့် ပတ်သက်၍ လိုက်နာရမည့် စည်းကမ်းချက်များ၊ မော်တော်ဆိုင်ကယ်စီးနင်းရာတွင် အရည်အသွေးပြည့်မီသော မော်တော်ဆိုင်ကယ်စီးဦးထုပ် ဝတ်ဆင်မောင်းနှင်စေရေးတို့နှင့် စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန် အချက်များအား ပါဝါပွိုင့်ပရိုဂျက်တာဖြင့် အသိပညာပေးချပြရှင်းလင်းဆွေးနွေးခြင်းနှင့် မေးခွန်းများ မေးမြန်းခြင်းကို ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြသည့်အပြင် ပညာပေးလက်ကမ်းစာစောင်များကို လည်း ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်