သတင်းများ

ညောင်လေးပင်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Jul 14,2026
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းတို့ကို ယမန်နေ့မွန်းလွဲ (၁၃) နာရီအချိန်က အ.လ.က (ခွဲ) သခွပ်ကုန်းကျောင်း၌ ကျင်းပခဲ့သည်။
သထုံမြို့၊ အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ‌ရေးအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပ
Jul 14,2026
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် တာဝန်ရှိသူများ ပူးပေါင်း၍ ကျောင်းသား ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးခြင်း၊ မှုခင်းအသိပညာပေးနှင့် ယာဥ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲတို့ကို ယမန်နေ့နံနက်ပိုင်းက လိပ်အင်းရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၊ နဝဒေးခန်းမ၌ ကျင်းပပြုလုပ်သည်။
သန်လျင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jul 14,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် ရပ်ကွက်၊ ကျေးရွာများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အလွမ်းဆွတ်၊ အောင်မင်္ဂလာရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ ပဲခူးစုရပ်ကွက်၊ ဒေးဇတ်ကျေးရွာတို့၌ ဆောင်ရွက်ခဲ့ကြသည်။
သနပ်ပင်မြို့နယ် မူလွန်(ကော့ပြတ်)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်
Jul 14,2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း၊ နယ်လှည့် စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်ခြင်းကို မွန်းလွှဲပိုင်း(၁)နာရီက  မူလွန်(ကော့ပြတ်)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်မြို့နယ်၌ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲနှင့် စာပေဟောပြောပွဲပြုလုပ်
Jul 14,2026
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပေါင်မြို့နယ် စာရေးဆရာအသင်းတို့ ပူးပေါင်းဆောင်ရွက်သော အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲနှင့် စာပေဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က (ပေါင်) ရွှေရတုခန်းမ၌ ပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးနှင့် ဝန်ထမ်းများ၊ ပေါင်မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ‌ မောင်ပွင့်ဉာဏ် (မောရ)၊ စာ‌ရေးဆရာငှက်တောင်ပျံ (ဇင်းကျိုက်) တို့နှင့် စာရေးဆရာများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုလွင်ဦးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များ တက်ရောက်ခဲ့ကြသည်။
သန်လျင်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ဆုချီးမြှင့်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Jul 14,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ဆုချီးမြှင့်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ဘိုးရာဇာခန်းမ၌ ကျင်းပသည်။
အင်းစိန်မြို့နယ်တွင် (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ကဗျာ၊ ပုံပြော၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲများနှင့် ဟောပြောပွဲကျင်းပ
Jul 14,2026
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ကဗျာ၊ ပုံပြော၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲများနှင့် ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က အင်းစိန်ခရိုင် လူထုအခြေပြုဗဟို ဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ညောင်လေးပင်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်
Jul 14,2026
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းတို့ကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အ.လ.က(ခွဲ) ကောလိယကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။