သတင်းများ

မဟာရွှေစည်ကြီး စေတီတော်၌ ဆီမီး ၁၀၀၀ ထွန်းညှိပူဇော်ခြင်းများဆောင်ရွက်
Oct 07,2025
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် သီတင်းကျွတ်လပြည့်ကျော် ၁ ရက် (အောက်တိုဘာ ၇ ရက်)တွင်လည်း ကန့်ဘလူမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးသို့ သွားရောက်၍ ဗုဒ္ဓဘာသာဝင် ပြည်သူများသည် ဆရာတော်ကြီးများထံတော်မှ ဥပုသ်သီလခံယူဆောက်တည်ခြင်း၊ တရားတော်များ နာယူကြည်ညိုခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း စသည့်ကောင်းမှု ကုသိုလ်များပြုလုပ်ခဲ့ကြသည်။
ဟိုင်းကြီးကျွန်းမြို့၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် ဂေဟစနစ်ကောင်းမွန်စေရန်အတွက် ဒီရေတောသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Oct 07,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် ဂေဟစနစ်ကောင်းမွန်စေရန်အတွက် ဒီရေတောသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၁)ရပ်ကွက်တစ်ဖက်ကမ်းရှိ သောင်ပြင်၌ သစ်တောဦးစီးဌာနနှင့် မြို့အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့တွင် (၇၈) ကြိမ်မြာက် မြို့နယ်လုံးကျွတ်ဆွမ်းဆန်စိမ်း‌လောင်းလှူပွဲကြီး စည်ကားသိုက်မြိုက်စွာ ကျင်းပ
Oct 07,2025
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် (၇၈) ကြိမ်မြာက် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးအား မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် အောက်တိုဘာ ၇ ရက်က စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
မြန်အောင်မြို့ တာဝတိံသာမြတ်စွာဘုရားကြီး(၁၃၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပ
Oct 07,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် မြန်အောင်မြို့ တာဝတိံသာမြတ်စွာဘုရားကြီး (၁၃၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားဆင်းပွဲတော်ကို သီတင်းကျွတ်လပြည့်ကျော်(၁)ရက် မွန်းလွဲ ၁ နာရီက ကျင်းပသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၅ ခုနှစ် သီတင်းကျွတ်မီးထွန်းပွဲတော်၊‌ ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေရေးအစီအစဉ်များဖြင့် ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပ
Oct 07,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၅ ခုနှစ် သီတင်းကျွတ်မီးထွန်းပွဲ‌‌တော် ဖျော်ဖြေရေးအစီအစဥ်အဖြစ် ဈေးရောင်းပွဲတော်များကို ယမန်နေ့ ည (၈)နာရီ၌ အမှတ်(၇)ရပ်ကွက် ရန်ကုန်-ပုသိမ်လမ်းနှင့် ရန်ကုန်-ညောင်တုန်းလမ်းရှိ ဘုရင့်နောင်တိုးချဲ့ပန်းခြံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်အနောက်ပိုင်းဆေးရုံ၌ နှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲကလေးများအား အခမဲ့ခွဲစိတ်ကုသ
Oct 07,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ် ရန်ကုန်အနောက်ပိုင်းဆေးရုံကြီး၌ နှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲကလေးများအား အခမဲ့ခွဲစိတ်ကုသပေးခြင်းကို အောက်တိုဘာ ၆ ရက်မှစတင်၍ ကုသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့ ဓမ္မသုခရွှေစည်းခုံစေတီတော်၌ဧကာဒသမကြိမ်မြောက် ဆီမီးတစ်ထောင်ထွန်းညှိပူဇော်
Oct 07,2025
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မိတ္ထီလာမြောက်ကန် ကန်ဦးကန်ထိပ်၌ တည်ထားကိုးကွယ်သော ဓမ္မသုခရွှေစည်းခုံစေတီတော်၌   ဧကာဒသမကြိမ်မြောက် ဆီမီးထွန်းညှိပူဇော်ပွဲကို အောက်တိုဘာ ၅ ရက်မှ ၇ရက်အထိ ကျင်းပလျက်ရှိရာ  သီတင်းကျွတ်လပြည့်နေ့က ဘုရားဖူးလာရောက်သူများ၊ ဆီမီးပူဇော်သူများဖြင့် စည်ကားကြောင်းသိရသည်။
ဘားအံမြို့၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)တွင် သံဃပဝါရဏာ သိမ်ဆင်းလောင်းလှူ၊ ဆီမီး (၉၀၀၀) ထွန်းညှိပူဇော်ကောင်းမှု ကုသိုလ်ပြုကြသူများဖြင့်စည်ကား
Oct 07,2025
ပြည်နယ်ဩဝါဒစရိယ ဇွဲကပင်တောင်ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓမ္မကထိက ဗဟုဇနဟိတဓရဘဒ္ဒန္တကဝိဓဇအမှူးပြုသော ဆရာတော်၊ သံဃာတော်များသည် ဝါလကင်းလွတ် သီတင်းကျွတ်လပြည့်နေ့ ယမန်နေ့ မွန်းတည့် ၁၂ နာရီက ဘားအံမြို့ မဲဘောင်ကျောင်းတိုက်၌ သံဃပဝါရဏာပြုတော်မူကြရာ ကရင်ပြည်နယ်အစိုးရအဖွဲ့မှဦးစီး၍ တပည့်ဒါယကာ၊ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များ စုပေါင်း၍ သံဃပဝါရဏာသိမ်ဆင်းလောင်းလှူခဲ့ကြကြောင်း သိရသည်။