ကျိုင်းတုံမြို့၌ ၇၉ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ဟောပြောပွဲ ကျင်းပ

ကျိုင်းတုံ ဇူလိုင် ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၇၉ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများနှင့် ဟောပြောပွဲကို ဇူလိုင် ၁၃ ရက်က ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။

ဟောပြောပွဲတွင် ကျိုင်းတုံခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငြိမ်းငြိမ်းသန့်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ အာဇာနည်ပုဂ္ဂိုလ်ကြီးများအကြောင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဆိုင်ရာအကြောင်းအရာများကို အထက (ခွဲ) အလက (၃) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောသည်။

ထို့‌နောက် ၇၉ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ကျင်းပပြီး ဆုရရှိသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)