ကသာမြို့နယ်၌ ငှက်ပျောပင်စိုက်ပျိုးပွဲကျင်းပ

ကသာ ဇူလိုင် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်တွင် အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား အာဟာရဖြည့်စွက်စာအဖြစ် ငှက်ပျောသီးများ ကျွေးမွေးနိုင်ရန်အတွက် ငှက်ပျောပင်များစိုက်ပျိုးခြင်းကို ယနေ့နံနက်ပိုင်းကအထက(ခွဲ)လ(၁)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါငှက်ပျောပင်စိုက်ပျိုးပွဲတွင်ကသာခရိုင်စိုက်ပျိးရေးဦးစီးဌာနမှ ခေတ္တခရိုင်ဦးစီးမှူး ဦးအေးဝင်းက ငှက်‌ပျောစိုက်ပျိူးနည်းများနှင့်ပတ်သက်၍ ရှင်းလင်း‌ပြောကြားသည်။ ကသာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းနှင့်အဖွဲ့ဝင်များ၊ ကျောင်းသားမိဘများက ဖီးကြမ်း၊ သီးမွှေး၊ ရွှေငှက်ပျောပင် (၁၀၀) ပင်အား စိုက်ပျိုးပေးခဲ့ကြသည်။

ကသာမြို့တွင် ထိုသို့ငှက်ပျောပင်စိုက်ပျိုးခြင်းကို အခြေခံပညာကျောင်းများဖြစ်သော အထက(၁) တွင် ငှက်ပျောပင် (၅၀) ပင်၊ အထက (၃) တွင် ငှက်ပျောပင် (၁၀) ပင်၊ အလက (၃) တွင် ငှက်ပျောပင် (၂၀) ပင်၊ မူလွန် (၁) တွင် ငှက်ပျောပင် (၃၀) ပင်၊ မူလွန် (၃) တွင် ငှက်ပျောပင် (၂၀) ပင်၊ အထက(ခွဲ)လူ(၁)တွင် ငှက်ပျောပင် (၁၀၀) ပင်တို့ကို ကျောင်းမြေအကျယ် အဝန်းအလိုက် အသီးသီးစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ကျော်စွာ(ကသာ)