သတင်းများ

နောင်တရားမြို့ တိုးပွားလူနေအိမ်များအတွက် (၄၀၀)ဗို့ဓါတ်အားလိုင်း တိုးချဲ့တပ်ဆင်
Jul 07,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ အမှတ်(၁)ရပ်ကွက် တိုးပွားလူနေအိမ်များအတွက် နောင်တရားမြို့ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ (၄၀၀)ဗို့ ဓါတ်အားလိုင်း တိုးချဲ့တပ်ဆင်ဆောင်ရွက်လျက် ရှိသည်။
ကျိုင်းတုံမြို့တွင် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး
Jul 07,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းကို ကျိုင်းတုံမြို့၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ယနေ့နံနက် ၈နာရီက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပလောက်မြို့ ၊ အမှတ်(၁) ရပ်ကွက်တွင် ကျွဲ၊ နွား များအား လည်ချောင်းကွဲရောဂါကာကွယ် ဆေး ထိုးနှံပေးခြင်းဆောင်ရွက်
Jul 07,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ၊ ပလောက်မြို့၊ အမှတ်(၁)ရပ်ကွက်တွင် ကျွဲ၊ နွားများ အား လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဇူလိုင်လ (၆) ရက်နေ့ ညနေ (၄)နာရီက ဆောင်ရွက်ခဲ့သည်။
စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောပိုးရှိသူ (၁၆) ဦးထပ်မံတွေ့ရှိ
Jul 07,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများ နှင့် ထိတွေ့ခဲ့သူများအား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ ယနေ့နံနက်(၁၀)နာရီ က Test Kit ဖြင့်စစ်ဆေးခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံ တွင် ဆောင်ရွက်ခဲ့ရာ (၁၆) ဦးတွင်ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း သိရသည်။
ချင်းရွှေဟော်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ နှစ်ဦး ထပ်မံတွေ့ရှိ
Jul 07,2021
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ က လားရှိုးမြို့မှ ပြန်လာသည့် အသက် (၁၉)နှစ်အရွယ်၊ အမျိုးသားတစ်ဦးနှင့် လောက်ကိုင်မြို့မှ ပြန်လာသည့် အသက်(၂၁)နှစ်အရွယ်၊ အမျိုးသမီးတစ်ဦးတို့အား ကိုဗစ် -၁၉ ရောဂါပိုး ရှိ/မရှိ Rapid Test Kit စနစ်ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ရာ စစ်ဆေးချက်အဖြေအရ ၎င်းတို့(၂)ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ကြောင်း ယနေ့နံနက်ပိုင်း က သိရသည်။
ကော့ကရိတ်မြို့၌ ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုကြိုတင်ကာကွယ်နိုင်ရန် Mask Campaign ဆောင်ရွက်
Jul 07,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌ ကိုဗစ် - ၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လမ်းသွားလမ်းလာပြည်သူများနှင့် စျေးရောင်းစျေးဝယ်ပြည်သူများအား ပါးစပ်နှာခေါင်းစည်း စနစ်တကျတပ်ဆင်သွားလာနိုင်ရန်နှင့် ကူးစက်ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့မှ Mask campaign ကို ယနေ့နံနက် ၈ နာရီအချိန် က ကော့ကရိတ်မြို့၊ အမှတ် (၃)ရပ်ကွက်၊ နာရီစင်ရှေ့လမ်းဆုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချီဖွေမြို့နယ် ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး
Jul 07,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိုးနှံခြင်း မပြုရသေး သည့် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဇူလိုင်(၇)ရက်နေ့ နံနက်(၉)နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ခရမ်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကိုဗစ် -၁၉ အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်
Jul 07,2021
ရန်ကုန်‌တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကိုဗစ်-၁၉ နှင့် သက်ဆိုင်သော အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက ခရမ်းမြို့နယ်အတွင်း အများပြည်သူများ သိရှိစေရန်အတွက် လူစည်ကားရာ နေရာများဖြစ်သော မြို့မဈေးကြီး အတွင်း အပြင်နှင့် ဈေးလမ်းစုံများ၊ စာသင်ကျောင်းများ ၊ လမ်းစုံလမ်းခွများတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း (ဌာနချုပ်) ၏ ကိုဗစ်-၁၉ အသိပညာပေး ပိုစတာများကို လိုက်လံကပ်ထားခဲ့ကြောင်း သိရသည်။