ကာလိ ဇူလိုင် ၇
ရှမ်းပြည်နယ် (တောင်ပိုင်း )၊ လွိုင်လင်ခရိုင်၊ ကာလိမြို့အတွင်းရှိ စားသောက်ဆိုင်များ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချစေရန် သက်ဆိုင်ရာတာဝန်ရှိသူ များက ယနေ့နံနက် (၉) နာရီခွဲအချိန် က ကွင်းဆင်းလိုက်လံ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် ကာလိမြို့အတွင်းရှိ စားသောက်ဆိုင်များ၊ မြန်မာထမင်းဆိုင်များ၊ ခေါက်ဆွဲဆိုင်များ၊ လက်ဖက်ရည်ဆိုင်များတို့၌ ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများတို့က ဆိုင်သို့လာရောက်ဝယ်ယူသုံးစွဲရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်တားဆီးသည့်အနေဖြင့် ဆိုင်များ၌ လက်ဆေးဘေစင်များ ဆောင်ရွက်ထားရှိခြင်း၊ စားပွဲများကြားတွင် အကာအရံများထားပေးခြင်း၊ နှာခေါင်းစည်း (Mask)များ တပ်ဆင်စေခြင်း အစရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေရန် ကာလိမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်း၊ ကာလိနယ်မြေစခန်းမှ ဒုရဲအုပ် ဆန်းလွင်၊ စည်ပင်သာယာရေးဌာနမှ ဦးစီးမှူး ဦးခင်ဇော်ဦး၊ မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးအောင်သူနှင့် သက်ဆိုင်ရာတာဝန်ရှိသူများတို့က ပူးပေါင်း၍ ကွင်းဆင်းအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကာလိ