နောင်တရားမြို့ တိုးပွားလူနေအိမ်များအတွက် (၄၀၀)ဗို့ဓါတ်အားလိုင်း တိုးချဲ့တပ်ဆင်

နောင်တရား ဇူလိုင် ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ အမှတ်(၁)ရပ်ကွက် တိုးပွားလူနေအိမ်များအတွက် နောင်တရားမြို့ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ (၄၀၀)ဗို့ ဓါတ်အားလိုင်း တိုးချဲ့တပ်ဆင်ဆောင်ရွက်လျက် ရှိသည်။

လျှပ်စစ်ဓါတ်အားပြည့်ဝစွာရရှိရေး၊ ဗို့အားပြည့်ရရှိရေး၊ ပေရှည်ဆားဗစ်ဝါယာပပျောက်ရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ ပျောက်ဆုံးယူနစ်လျော့နည်းစေရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ရှမ်းပြည်နယ် အစိုးရခွင့်ပြုရန်ပုံငွေဖြင့် (၁.၅)မိုင်အတွက် (၄၀၀)ဗို့ ဓါတ်အားလိုင်းကို လျှပ်စစ်ကာဗာကြိုးဖြင့် တိုးချဲ့တပ်ဆင်ဆောင်ရွက်လျက်ရှိပြီး ဓါတ်အားလိုင်းတိုးချဲ့ တပ်ဆင်ခြင်းလုပ်ငန်းတွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးခွန်အောင်ကြီး က ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခွန်အောင်