တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဈေးကြီးများ၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်
Jul 07,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်ခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရေး ကြိုတင်ကာကွယ်မှုအနေဖြင့် အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်းများ တပ်ဆင် အသုံးပြုသည့် အလေ့အကျင့်များ ရရှိစေရန် ရည်ရွယ်ကာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ စီစဉ်လမ်းညွှန်ဆောင်ရွက်မှုဖြင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ အသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက လူစည်ကားရာဈေးကြီးများ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။