သတင်းများ

ထီးလင်းမြို့ အမှတ်(၁) (ရပ်မကွင်း)တွင် နွေစပါးများ ရိတ်သိမ်း
Jul 08,2021
ဒေသဝမ်းစာဖူလုံရေးနှင့်မိုးစပါးများ အချိန်မီ ပြန်လည်ထွန်ယက် စိုက်ပျိုးနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့ အမှတ်(၁)ရပ်ကွက် (ရပ်မကွင်း)တွင် တောင်သူများက ယခုအခါ နွေစပါးများ ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်း(Mask)များဖြန့်ဝေ
Jul 08,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးထိန်းချုပ်ရေးလုပ်ငန်း များ စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ပါးစပ် နှာခေါင်းစည်း (Mask)များဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈ နာရီက ယန်းခမ်စျေးတွင် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လားရှိုးမြို့ရှိ စောင့်ကြည့်ရေးစင်တာများအားလုံးအတွက် ငွေနဂါးသောက်ရေသန့်မှ ရေသန့်ဘူး(၇၂၀၀၀)ဘူး လာရောက်လှူဒါန်း
Jul 08,2021
လားရှိုးမြို့၌ ဇွန်လ (၉)ရက်နေ့က စတင်ကာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသေရေးကော်မတီက ကိုဗစ်(၁၉)ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် စောင့်ကြည့်နေရာများကို ဆောင်ရွက်ဖွင့်လှစ်ထားရှိခဲ့ပြီး ဖြစ်သည်။
မိုင်းကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Jul 08,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လည်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုးနဲမြို့ Quarantine Center ဝင်ရောက်နေသူများအား (RDT) Test Kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ (positive) ပိုး အမျိုးသားတစ်ဦးတွင် တွေ့ရှိ
Jul 08,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လင်းခေးခရိုင် ၊မိုးနဲမြို့နယ် နာဟောင်ရပ်ကွက် မိုးကုတ်ဝိပဿနာ ရိပ်သာကျောင်းတွင် Quarantine Center ဝင်ရောက်နေသူ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၂ ဦး ၊စုစုပေါင်း ၈ ဦး တို့အား ယမန်နေ့ညနေပိုင်းအချိန်က (RDT) Test kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ (Positive) ပိုးတွေ့သူ အသက် ၁၃ နှစ်အရွယ် အမျိုးသားတစ်ဦးတွေ့ရှိခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ သုံးဦး ထပ်မံတွေ့ရှိ
Jul 08,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးရှိသူ သုံးဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ကြောင်း မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
လိပ်သိုမြို့တွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များ ပါဆယ်စနစ် (Take Away )ဖြင့်သာ ရောင်းချခွင့်ပြု
Jul 08,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက် ရည်ဆိုင်များကို ယမန်နေ့မှ စတင်၍ ပါဆယ်စနစ် (Take Away) ဖြင့်သာ ရောင်းချခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေး
Jul 08,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ယမန်နေ့တွင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။