ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆောင်ရွက်
Jul 07,2021
ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဝန်ထမ်းများနှင့် စာကြည့်တိုက်သို့ လာရောက်သူများအား ကိုယ်အပူချိန်တိုင်းစက်ဖြင့် ကိုယ်အပူတိုင်းတာခြင်း၊ လက်ဆေးဘေစင်တွင် ဆပ်ပြာ၊ ရေတို့ဖြင့် လက်ဆေးသန့်စင်ခြင်း၊ ပါးစပ်နှာခေါင်းစည်း Mask များထားရှိပေးကာ နှာခေါင်းစည်း Mask တပ်ဆင်ပြီးမှ ဝင်ရောက်ခြင်းများ ဆောင်ရွက်နေသည်ကို ယနေ့နံနက်ပိုင်းက တွေ့မြင်ရသည်။