ကျိုင်းတုံ ဇူလိုင် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးထိန်းချုပ်ရေးလုပ်ငန်း များ စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ပါးစပ် နှာခေါင်းစည်း (Mask)များဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈ နာရီက ယန်းခမ်စျေးတွင် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင် သာယာရေးဌာနဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ယန်းခမ်းဈေးအတွင်း ဈေးရောင်းချသူများနှင့်ဈေးဝယ်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Mask)များကို စနစ်တကျတပ်ဆင်၍ ဈေးရောင်း၊ ဈေးဝယ်ပြုကြရန် အသဲချဲ့စက်၊ Hand Speaker များဖြင့် အသိပေးနှိုးဆော်ကာ နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခဲ့ကြောင်းသိရသည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ကာလအတွင်း နေအိမ်ပြင်ပထွက်ခွာလာသူများအား နှာခေါင်းစည်းများကို မိမိအကျိုး၊ အများပြည်သူ အကျိုးအတွက်တပ်ဆင်သွားလာရန် အသိပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်းများ ဖြန့်ဝေခြင်းကို အသွားအလာများသော ယန်းခမ်းဈေးရှေ့ ကျိုင်းတုံ-တောင်ကြီးကားလမ်းမကြီးနှင့် အဝေးပြေးယာဉ်ရပ်နားစခန်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)