လားရှိုး ဇူလိုင် ၈
လားရှိုးမြို့၌ ဇွန်လ (၉)ရက်နေ့က စတင်ကာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသေရေးကော်မတီက ကိုဗစ်(၁၉)ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် စောင့်ကြည့်နေရာများကို ဆောင်ရွက်ဖွင့်လှစ်ထားရှိခဲ့ပြီး ဖြစ်သည်။
ဇူလိုင်လ(၈)ရက်နေ့ နံနက်(၉)နာရီအချိန်က ပညာရေးကောလိပ်စောင့်ကြည့်စင်တာသို့ ရှမ်းပြည်နယ်မြောက်ပိုင်းကိုယ်စားပြု ငွေနဂါးသောက်ရေသန့်ကုမ္ပဏီမှ သောက်ရေသန့် (၂၄)ဘူးပါ ရေသန့်ကတ်ပေါင်း (၃၀၀၀)၊ စုစုပေါင်း(၇၂၀၀၀)ဘူးကို အဆိုပါစောင့်ကြည့်စင်တာများအားလုံးတွင် အသုံးပြုနိုင်ရန်အတွက် လာရောက်လှူဒါန်းခဲ့ရာ ကိုဗစ်(၁၉)ကာကွယ်ထိန်းချုပ်ကုသရေး မြို့နယ်အဆင့် ကော်မတီကိုယ်စား လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုးမင်းနိုင်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အလှူရှင်များအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် အဖက်ဖက်မှ လိုအပ်နေမှုများကို လူကိုယ်တိုင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီထံသို့ လာရောက်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။
ဟန်ဌေး