ထီးလင်း ဇူလိုင် ၈
ဒေသဝမ်းစာဖူလုံရေးနှင့်မိုးစပါးများ အချိန်မီ ပြန်လည်ထွန်ယက် စိုက်ပျိုးနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့ အမှတ်(၁)ရပ်ကွက် (ရပ်မကွင်း)တွင် တောင်သူများက ယခုအခါ နွေစပါးများ ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။
အဆိုပါ(ရပ်မကွင်း)တွင် တောင်သူများအနေဖြင့် နွေစပါး စိုက်ပျိုးရာ၌ ထီးလင်းမြို့နယ် သရခါကျေးရွာအနီးရှိ ရပ်မဆည်ကိုအမှီပြုကာ ဆည်ရေသောက်စနစ်ဖြင့် ထီးလင်းမြို့ အမှတ်(၁/၂) ရပ်ကွက်နှင့် သရခါကျေးရွာမှ တောင်သူများက နှစ်စဉ် နွေစပါး စိုက်ဧက (၃၁၀)ဧကခန့် စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။
အောင်စည်