ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပျောက်ကင်းပြီး ဆေးရုံမှဆင်းခွင့်ရရှိသူ (၂၆)ဦးရှိ

ကျောက်ဆည် ဇူလိုင် ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အထွေထွေရောဂါကု ပြည်သူ့ ဆေးရုံကြီးတွင် ယနေ့ မွန်းလွဲ ၁ နာရီက ကိုဗစ်-၁၉ရောဂါပျောက်ကင်းပြီး ပြန်လည် ကျန်းမာ၍ ဆေးရုံမှဆေးခွင့်ရရှိသူ   (၂၆)ဦးရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ဇွန်လ(၁)ရက်နေ့ မှစတင်ကာ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ ကျား(၁၀၂)ဦး၊ မ(၄၀)ဦး၊ စုစုပေါင်း(၁၄၂)ဦးအား စောင့်ကြည့် ကုသပေးလျက်ရှိရာ ယနေ့အချိန်၌ ကိုဗစ်-၁၉ရောဂါ ပျောက်ကင်း၍ ပြန်လည်ကျန်းမာလာသူ ကျား(၄၇)ဦး၊ မ(၃၁)ဦး၊ စုစုပေါင်း (၇၈)ဦးရှိကြောင်း သိရသည်။

ထို့ပြင်ကျောက်ဆည် မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကြောင့် သေဆုံးသူ ကျား(၇)ဦးရှိပြီး ဆေးရုံတက်ရောက်ဆေးကုသမှုခံယူနေသူ ကျား(၄၈)ဦး၊ မ(၉)ဦး၊ စုစုပေါင်း(၅၇)ဦးရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)