ရွှေကူမြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ယာယီဆေးကုသဆောင်နှင့် Quarantine Centre တို့တွင် ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်

ရွှေကူ ဇူလိုင် ၈

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် တုံးပုံကျေးရွာလမ်းခွဲအနီး အိုးအိမ် ဦးစီးဌာနပိုင် ဝန်ထမ်းအိမ်ရာ တိုက်အမှတ်(၂)၊ ကိုဗစ်−၁၉ရောဂါ ယာယီ ဆေးကုသဆောင်နှင့် ဝန်ထမ်းအိမ်ရာ တိုက်အမှတ် (၁)၊ Quarantine Centre တို့တွင် ပိုးသတ်ဆေးဖျန်းခြင်းကို ယမန်နေ့ညနေ ၄ နာရီအချိန် က ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထိုသို့ ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်ရာတွင် ရွှေကူမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှု အသင်းသားများက (PPE)ဝတ်စုံများကို စနစ်တကျဝတ်ဆင်၍ အိုးအိမ်ဦးစီးဌာနပိုင် ဝန်ထမ်းအိမ်ရာ တိုက်အမှတ်(၂)၊ ကိုဗစ်−၁၉ရောဂါ ပိုးတွေ့ လူနာထားရှိရာ (ယာယီဆေးကုသအဆောင်) အတွင်း အပြင်နှင့် ဝန်ထမ်းအိမ်ရာ တိုက်အမှတ်(၁)၊ ကိုဗစ်−၁၉ရောဂါပိုးထိတွေ့ လူနာထားရှိရာ Quarantine Centre အတွင်းအပြင်တို့တွင် ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်ခဲ့ကြောင်းကို ရွှေကူ မြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်း ဒုဥက္ကဋ္ဌ ဦးအောင်မြင့်သန်းထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)