တီးတိန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ (၂၉)ဦး ထပ်မံတွေ့ရှိ

တီးတိန် ဇူလိုင် ၈

ချင်းပြည်နယ် တီးတိန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ​ သံသယလူနာများအား ပြည်သူ့​ဆေးရုံနှင့်‌ လိုင်တွီး‌‌ကျေးရွာ၊ တုန်ရှာလ်‌ကျေးရွာ၊ ဖူနွမ်းကျေးရွာများတွင် ဇူလိုင်၇ရက်နေ့၌ (၁၁၆)ဦး စစ်ဆေးရာ(၂၉)ဦးတွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့လူနာများသည် အမျိုးသား(၁၃)ဦး၊ အမျိုးသမီး(၁၆)ဦး ဖြစ်ကြောင်း တီးတိန်မြို့ ပြည်သူ့ဆေးရုံ တာဝန်ရှိသူများထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)