ရန်ကုန် ဇူလိုင် ၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ တားဆီးကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းမှ စတင်၍ ရောဂါကုသရေး စင်တာကို စတင်ဖွင့်လှစ် ကုသဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ ကုသရေးစင်တာတွင် ထားရှိမည့် ရောဂါကူးစက်ခံထားရသူများနှင့် ထိစပ်ခဲ့သူများအား ကျန်းမာရေးပြန်လည်ကောင်းမွန် စေရန်အတွက် လိုအပ်သော အောက်စီဂျင်နှင့် ဆက်စပ်ပစ္စည်းများ၊ ဆေးဝါးနှင့်အစားအသောက်များ အဆင်သင့် ထားရှိဆောင်ရွက် ပေးထားပြီး ကုတင်(၃၀၀)ထားရှိမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရောဂါကုသရေးစင်တာတွင် သင်္ဃန်းကျွန်းမြို့နယ်နှင့် နီးစပ်ရာ မြို့နယ်များအတွင်းရှိ ရောဂါ ကူးစက်ခံထားရသူများ၊ သံသယရှိသူများ အနေဖြင့် အခမဲ့လာရောက် ကုသမှုခံယူနိုင်ကြောင်း သတင်း ရရှိသည်။
လင်းလင်းထွန်း