သနပ်ပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့အဝင်အထွက်ဂိတ်များ၌ စစ်ဆေးမှုများပြုလုပ်
Jul 13,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးနိုင်ရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးတို့အတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက် ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ဌာဆိုင်ရာများ၊ လူမှူရေး အသင်းအဖွဲ့များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ နယ်မြေကျော် ခရီးသွား ပြည်သူများအား ခရီးသွားလာခွင့်၊ ကျန်းမာရေး ပါ/မပါ စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့အဝင်အထွက် ဂိတ်များ၌ စစ်ဆေးဆောင်ရွက်လျက်ရှိသည်။