နမ့်ဆန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်

နမ့်ဆန် ဇူလိုင် ၁၃

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် ယမန်နေ့က ကိုဗစ်- ၁၉ ရောဂါပိုး တွေ့ရှိခဲ့သည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း Facility Quarantine Centre တွင် ပိုးသတ်ဆေးဖျန်းခြင်းအား ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းထိုက် ဦးဆောင်ပြီး မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများ   ဆောင်ရွက်ခဲ့သည်။ ၎င်းနေရာတွင် Quarantine ဝင်ရောက်နေသူ စုစုပေါင်း(၁၅)ဦး ရှိနေပြီး ကျန်းမာလျက်ရှိကြောင်း သိရသည်။

စည်သူမောင်မောင်