သတင်းများ

ဘုတ်ပြင်းမြို့နယ်အတွင်းရှိ စည်ပင်သာယာမြို့မဈေးတွင် ကိုဗစ် - ၁၉ စည်းကမ်းချက်များ လိုက်နာမှုရှိ / မရှိ ကွင်းဆင်းစစ်ဆေး
Jul 13,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင်းရှိ စည်ပင် သာယာမြို့မဈေးတွင် ကိုဗစ် -၁၉ စည်းကမ်းချက်များနှင့်အညီ လိုက်နာ ရောင်းချမှု ရှိ/မရှိကို ယမန်နေ့ နံနက်(၈)နာရီအချိန်က မြို့နယ်တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ် ပြန်လည်ထားရှိရေး ညှိနှိုင်း အစည်းအဝေး ကျင်းပ
Jul 13,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေး စစ်ဆေးရေးဂိတ် ဖွင့်လှစ်နိုင်ရေးညှိနှိုင်းအစည်းအဝေးကို မိုင်းလုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ခိုလမ်မြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်
Jul 13,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ ခိုလမ်မြို့၌ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီနှင့် မီးသတ်ဦးစီးဌာန တို့ ပူးပေါင်း၍ မြို့ဝင်မှမြို့ထွက်အထိ ပြည်ထောင်စုလမ်းမတလျှောက်ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။
မြင်းမူမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးအတည်ပြုလူနာ(၂၁၅)ဦးတွေ့ရှိထား
Jul 13,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊မြင်းမူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း မြင့်မားလျက်ရှိရာ ၆.၆.၂၀၂၁ မှ ၁၃.၇.၂၀၂၁ ရက်နေ့ထိ ရောဂါရှာဖွေတွေ့ရှိသူ အတည်ပြုလူနာ ပေါင်းမှာ(၂၁၅)ဦးထိရှိလာခဲ့ကြောင်း၊ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ရရှိသူ(၁၀၁)ဦး ရှိပြီး ဆေးကုသမှုခံယူနေသူ(၁၁၄)ဦးရှိကြောင်းနှင့် ကိုဗစ်ရောဂါကြောင့်သေဆုံးသူ(၃)ဦးရှိပြီဖြစ်
ဘုတ်ပြင်းမြို့နယ်တွင် ပါဆယ်စနစ်ဖြင့် ရောင်းချရန် ညွှန်ကြားချက်များအား လိုက်နာမှု ရှိ/မရှိ လိုက်လံစစ်ဆေး
Jul 13,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ဖွင့်လှစ် ရောင်းချလျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ အနေဖြင့် ညွှန်ကြားချက်များအား လိုက်နာ ဆောင်ရွက်မှုရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ က မြို့နယ်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မိုးမိတ်မြို့တွင် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ်ဖြင့် (Take Away) ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Jul 13,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် လက်တလောဖြစ်ပေါ်လျှက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်စေရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊တားဆီးနိုင်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များသည် ဇူလိုင် ၁၃ ရက် နေ့လည် ၁၀ နာရီခွဲ က မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ် (Take Away) ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။
ပန်းတောင်းမြို့ပေါ်ရှိ Facilities Quarantine Centre တွင် Quarantine ဝင်နေသူများအတွက် အစားအသောက်များလှူဒါန်း
Jul 13,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့ပေါ်ရှိ Facilities Quarantine Centre တွင် Quarantine ဝင်ရောက်နေသူများကို ယမန်နေ့ နံနက်ပိုင်းက အစားအသောက်များ လှူဒါန်း ခဲ့ကြောင်း သိရသည်။
ဝန်းသိုမြို့နယ်၌ ဖူးစားပြောင်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း
Jul 13,2021
စစ်ကိုင်းတိုင်းဒေသကြီး ၊ ဝန်းသိုမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများသည် နန်းလိုင် လွှဲဆည်ရေနှင့် ဒေါင်းမြူးချောင်းရေတို့ကို အကျိုးရှိစွာအသုံးချပြီး စိုက်ပျိုးရေးလုပ်ငန်းကို (နွေ ၊ မိုး ၊ ဆောင်း ) သုံးရာသီ စီးပွားဖြစ်စိုက်ပျိုး လုပ်ကိုင်ကြပြီး ယခုနှစ်တွင်လည်း ဖူးစားပြောင်း များကို စီးပွားဖြစ် အားထားစိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဈေးကောင်း ရရှိရန် မျှော်လင့် လျက်ရှိနေကြကြောင်း ဝန်းသိုမြို့နယ်၊ ကျိုင်းခွင်ကျေးရွာရှိ ဖူးစားပြောင်း စိုက်ပျိုးတောင်သူများထံမှ သိရသည်။