သနပ်ပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့အဝင်အထွက်ဂိတ်များ၌ စစ်ဆေးမှုများပြုလုပ်

သနပ်ပင် ဇူလိုင် ၁၃
 
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးနိုင်ရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးတို့အတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက် ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အ‌ရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ဌာဆိုင်ရာများ၊ လူမှူရေး အသင်းအဖွဲ့များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ နယ်မြေကျော် ခရီးသွား ပြည်သူများအား ‌ခရီးသွားလာခွင့်၊ ကျန်းမာ‌ရေး ပါ/မပါ စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့အဝင်အထွက် ဂိတ်များ၌ စစ်‌ဆေးဆောင်ရွက်လျက်ရှိသည်။
 
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် Stay home သတ်မှတ်ထားသော တိုင်းဒေသကြီး၊ ပြည်နယ်များမှ ‌နယ်‌မြေကျော်ဝင်‌ရောက်ခရီးသွား ပြည်သူ များကို ကျန်းမာရေးထောက်ခံစာ၊ နယ်မြေကျော် ဝင်ရောက် လာပါက သက်ဆိုင်ရာ မြို့နယ်/ရပ်ကွက် /ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံစာ များ ယူဆောင်လာကြရန်၊ ထောက်ခံစာများ ယူဆောင်လာခြင်းမရှိပါက သွားလာခွင့်ပြုမည်မဟုတ်ပါ၊ ယခုအချိန်အခါ သည် ရောဂါပိုး ကူးစက်မှု မြင့်တက်နေသည့်အတွက် ခရီးသွား ပြည်သူများမှလည်း ခိုင်လုံသော အကြောင်းအရာများရှိမှ အပြင်သို့ ခရီးသွားလာကြရန်၊ သတ်မှတ်ထားသော စည်းကမ်းချက်များကို အထူးလေးစားလိုက်နာ နေထိုင်သွားလာကြရန် မြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ က ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေး မှာကြားကာ စစ်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
 
လှမိုး