လားရှိုးမြို့ ရပ်ကွက်အတွင်းစောင့်ကြည့်ကန့်သတ်ထားသော လမ်းအချို့ပြန်လည်ဖွင့်လှစ်

လားရှိုး ဇူလိုင် ၁၃

ကိုဗစ်-၁၉ပိုးတွေ့လူနာများပြားခဲ့သော လားရှိုးမြို့ရပ်ကွက်များအတွင်းမှလမ်းများအား ဇွန်လ(၂၀) ရက်နေ့မှစတင်ကာ ဝင်ထွက်သွားလာမှုများကို ကန့်သတ်ခဲ့သည်။

အဆိုပါကန့်သတ်ခဲ့သော ရပ်ကွက်(၄)၊ နယ်မြေ(၉၊ ၃၊ ၁၀) မဂ္ဂင်လမ်းသွယ်အားလုံး၊ နယ်မြေ(၁၆) ရတ နာပုံလမ်းများကို ရပ်ကွက်(၄)အုပ်ချုပ်ရေးမှူး ဦးအောင်နိုင် ဦးဆောင်၍ ပိုးသတ်ဆေးများကို ဇွန်လ(၂၁)ရက် နေ့ ညနေပိုင်းက ပက်ဖျန်းပေးခဲ့ပြီးဖြစ်သည်။

ဇူလိုင်လ(၁၂)မှစ၍ ခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ဥက္ကဌနှင့်အဖွဲ့ဝင်များ သည် ရပ်ကွက်(၄) နယ်မြေ(၉၊ ၁၀) ရှိ ခိုင်ရွှေဝါလမ်းအားလည်းကောင်း၊ နယ်မြေ(၁၂၊ ၁၄) ရှိ သဇင်းလမ်း၊ ငုဝါလမ်းတို့တွင် ယာယီကန့်သတ်ထားသော လမ်းများကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ကိုဗစ်-၁၉ အတည်ပြု တွေ့ရှိခဲ့ပြီး သက်သာလာသော လူနာများအနေဖြင့်လည်း သတ်မှတ်ထားသော Home Quarantine (၇)ရက် ဆက်လက်နေထိုင်သွားကြရမည်ဖြစ်ကြောင်းကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှသိရသည်။

ဥမ္မာချို