ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ပြည်နယ် ကုသရေးနှင့်ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် တွေ့ဆုံမေးမြန်းခန်း
Jul 13,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်တွင် Covid-19 ရောဂါ ကူးစက် ပြန့်ပွားမှုများ မရှိစေရန် ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ရှမ်းပြည်နယ် Coronavirus Disease 2019 (Covid-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်း က ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံ ဆောင်ရွက်ခဲ့ရာ ပထမအကြိမ်တွင် (၂၂၄၇၆၆)ဦး၊ ဒုတိယအကြိမ်တွင် (၂၀၂၈၅၅)ဦး ထိုးနှံပြီးစီးခဲ့ ကြောင်း၊ ပထမအကြိမ်ထိုးနှံခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ ဇွန်လ(၇)ရက်နေ့မှစ၍ ဌာနဆိုင်ရာ ဝန်ထမ်းများ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများအား ဦးစားပေးထိုးနှံဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၃) ရက်နေ့အထိ (၈၄၃၅) ဦးထိုးနှံပြီး ယခုတတိယလှိုင်းကာလတွင် Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဇွန်လ(၂၄)ရက်နေ့တွင် ပထမအကြိမ်၊ ဇူလိုင်(၅)ရက်နေ့တွင် ရှမ်းပြည်နယ် Coronavirus Disease 2019 (Covid-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူးဖြင့် ဒုတိယအကြိမ် ပြုလုပ်ခဲ့ပါသည်။