ရွှေကျင် ဇူလိုင် ၁၃
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံနှံ့မှု မဖြစ်ပွားစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အထောက်အကူ ဖြစ်စေရန်အတွက် ညဈေး လွတ်လပ်ရေး ကျောက်တိုင်အနီးရှိ ရွှေကျင်မြို့နယ် စည်ပင်သာယာမြို့မစျေးအား ယနေ့ နံနက်မှစ၍ ၁၉ ရက်နေ့အထိ ယာယီပိတ် သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေကျင်မြို့နယ်အတွင်းရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးအနီး ပတ်ဝန်းကျင်တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူအများအပြား တွေ့ရှိ နေရသည့်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအား ဇူလိုင်လ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ (၇)ရက် ယာယီပိတ်ထားမည်ဖြစ် ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
ထွန်းထွန်းဇော်