သတင်းများ

ကိုဗစ်-၁၉ ရောဂါ အန္တရာယ်အတွက် ပြင်ဆင်ဆောင်ရွက်ထားမှုနှင့် ဆေးရုံကြီးတွင် လက်ရှိ ကုသပေးနေသော ရောဂါလက္ခဏာများနှင့် ပတ်သက်သော အကြောင်းအရာများအား ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်သူ့ဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး ဒေါက်တာခင်စိုးမိုးဝင်းနှင့် တွေ့ဆုံမေးမြန်းခြင်း
Jul 13,2021
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်သူ့ဆေးရုံကြီးအနေဖြင့် လက်ရှိ အခြေအနေတွင် ကူးစက်မှုနှုန်း မြင့်မားနေသည့် ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ အန္တရာယ် အတွက် ပြင်ဆင်ဆောင်ရွက်ထားမှုနှင့် ဆေးရုံကြီးတွင် လက်ရှိကုသပေးနေသောရောဂါ လက္ခဏာများနှင့် ပတ်သက်သည့် အကြောင်းအရာများကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်သူ့ဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး ဒေါက်တာခင်စိုးမိုးဝင်းနှင့် သွားရောက် တွေ့ဆုံမေးမြန်းခဲ့ရာ-
ကျောက်ပန်းတောင်းမြို့နယ်တွင် ဆေးရုံတွင် စစ်ဆေးမှုခံယူသူ(၃)ဦးနှင့် သီးသန့် Quarantine ဝင်ရောက်နေသူ(၅)ဦး တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Jul 13,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့ မွန်းလွဲ(၁)နာရီမှ ညနေ(၄)နာရီ အချိန်ထိ၊ ကိုဗစ်-၁၉ရောဂါ သံသယဖြင့် လာရောက်အစစ်ဆေးခံသူများနှင့် သီးသန့် Quarantine ဝင်ရောက်နေသူ များအား RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ (၈)ဦးတွင် ကိုဗစ်-၁၉ရောဂါ ပိုးစစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး အောက်စီဂျင်လိုအပ်ချက် ဖြည့်ဆည်းနိုင်ရန် ကော့သောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 13,2021
ကော့သောင်းမြို့၊ အမှတ်(၂)စစ်ဗျူဟာအဖွဲ့(အခြေချ) စစ်ဗျူဟာမှူး၊ ကော့သောင်းခရိုင်၊ စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများ ထိရောက်မှုရှိစေရေးနှင့် လူနာများအောက်စီဂျင်အရေးပေါ်လိုအပ်လာပါက အဆင်ပြေ လွယ်ကူစွာ ထုတ်ယူအသုံးချနိုင်ရန် ဆောင်ရွက်မည့် အခြေအနေများအား ကော့သောင်းမြို့ ကုတင်(၁၀၀) ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ် ပုလဲပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ များကို ဆေးကုသမှုများ ဆောင်ရွက်ပေး
Jul 13,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း စတင် ဖြစ်ပွားချိန်မှစ၍ ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာများကို ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း ပုလဲပြည်သူ့ ဆေးရုံ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသက်ဇင်အောင်ထံမှ သိရ သည်။
မိုးညှင်းမြို့၌ ကိုဗစ်−၁၉ဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်
Jul 13,2021
ကချင်ပြည်နယ် မိုးညှင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ကိုဗစ်−၁၉ဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ ညနေ(၃)နာရီတွင် Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
မချမ်းဘော့မြို့၌ Quarantine Centre ထားရှိရေး ပြင်ဆင်ဆောင်ရွက်
Jul 13,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ ခရီးသွားပြည်သူများ အသွားအလာ ကန့်သတ်ထားရှိရေးအတွက် မချမ်းဘော့မြို့နယ် ကျန်းမာရေးဌာနပိုင် ဝန်ထမ်းအိမ်ယာတွင် ထားရှိရေးအား ယမန်နေ့နံနက် ၁၁ အချိန်၌ Quarantine Centre ပြင်ဆင်ဆောင်ရွက် ထားကြောင်း သိရသည်။
မဘိမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာလေးဦး ထပ်မံတွေ့ရှိ
Jul 13,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ လေးဦး ထပ်မံစစ်ဆေးတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကွတ်ခိုင်မြို့နယ် Covid-19 ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေးကော်မတီသို့ Test Kit နှင့် ကုတင်များ လှူဒါန်း
Jul 13,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် Covid-19 ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေးကော်မတီသို့ Test Kit နှင့် ကုတင်များ လှူဒါန်းခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ OSSရုံး၌ ယနေ့နံနက်(၁၁)နာရီအချိန် လှူဒါန်းခဲ့ကြောင်း သိရသည်။