မင်္ဂလာဒုံမြို့နယ် ပုလဲပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ များကို ဆေးကုသမှုများ ဆောင်ရွက်ပေး

မင်္ဂလာဒုံ ဇူလိုင် ၁၃
 
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း စတင် ဖြစ်ပွားချိန်မှစ၍ ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာများကို ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း ပုလဲပြည်သူ့ ဆေးရုံ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသက်ဇင်အောင်ထံမှ သိရ သည်။
 
“ကျွန်တော်တို့ဆေးရုံအနေဖြင့် ကုသရေးပိုင်းဆိုတော့ ဆေးရုံကိုလာတဲ့ လူနာတွေကို အဓိက စစ်ဆေးကုသ ဆောင်ရွက်ရတာပါ။ ထိတွေ့စက်ဆပ်မှု လူနာများကိုတော့ တစ်ခါတစ်လေ စစ်ဆေးဆောင်ရွက်ရပါတယ်၊ ဆေးရုံကနေ စစ်ဆေးဆောင်ရွက်ခဲ့တာကတော့ (၂၀၀)ဦးကျော်ခန့် စစ်ဆေးဆောင်ရွက်နိုင် ခဲ့ပါတယ်။ ကျွန်တော်တို့ ဆေးရုံကနေ ဇွန်လနဲ့ ဇူလိုင်လ အခုချိန်ထိကတော့ အတည်ပြုလူနာ ၄၈ ဦး၊ ပြန်ကောင်းလို့ ဆေးရုံမှဆင်းသူ ၁၀ ဦး၊ သေဆုံးသူက ၁၁ ဦးရှိပြီး အခြားသို့လွဲပြောင်းခဲ့တာက ၈ ဦး ထိရှိပါတယ်” ဟု မြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသက်ဇင်အောင်က ပြောသည်။
 
မင်္ဂလာဒုံမြို့နယ်အတွင်းတွင် ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းစတင်ဖြစ်ပွား ချိန်မှစ၍ ယနေ့အထိ ရောဂါ အတည်ပြုလူနာ (၃၆၉) ဦးရှိပြီး သေဆုံးသူ (၄၆)ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီ၏ စာရင်းများအရ သိရသည်။
 
မျိုးသန့်