သတင်းများ

စဉ့်ကိုင်မြို့နယ် နန်းနီကျေးရွာတွင် ထန်းလျှော်တောင်းများ ရက်လုပ်ခြင်းဖြင့် မိသားစု အပို၀င်ငွေရရှိ
Jul 13,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ နန်းနီကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများတွင် ထန်းလျှော်တောင်းများ ရက်လုပ်ခြင်းဖြင့် မိသားစု အပို၀င်ငွေ ရရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့တွင် အခြေခံပညာ ဦးစီးဌာနမှ ဆရာ/ဆရာမများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး
Jul 13,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း မပြုရသေးသည့် အခြေခံပညာ ဦးစီးဌာနမှ ဆရာ/ဆရာမ (၁၀၀)ဦးအာ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း(၃)ထပ်ဆောင် အစည်းအဝေး ခန်းမတွင် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
သနပ်ပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး‌‌တွေ့ အတည်ပြုလူနာ (၁၀၃) ဦးထိရှိလာ
Jul 13,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ဇူလိုင်လ ၁၃ရက်နေ့ ယနေ့နံနက်ပိုင်းအထိ ကိုဗစ် အတည်ပြု လူနာ (၁၀၃)ဦးထိရှိပြီး ၊ ဆေးရုံ ဆင်းခွင့်ရှိသူ (၃)ဦးနှင့် (၂)ဦး သေဆုံး‌ခဲ့ ကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူထံက သိရှိရသည်။
တကူ(စံပြ)တိုက်နယ်ဆေးရုံတွင် အမျိုးသမီးတစ်ဦး ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိ
Jul 13,2021
ရန်ကုန်မြို့မှ နေရပ်သို့ ပြန်ရောက်ရှိလာသော တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် သာရဘွင် ကျေးရွာအုပ်စု သာရဘွင်ကျေးရွာမှ အမျိုးသမီး တစ်ဦးသည် ဖျားနေပြီး နှာစေးချောင်းဆိုးနေသဖြင့် ယနေ့ နံနက် ၉ နာရီအချိန် က တကူကျေးရွာအုပ်စု-တကူ(စံပြ)တိုက်နယ်ဆေးရုံ Fever Clinic တွင် လာရောက်သ၍ တိုက်နယ်ဆေးရုံတာဝန်ခံ ဆရာဝန် ဒေါက်တာ ဖြိုးမြင့်ကြည် ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT-Test Kit ဖြင့် စစ်ဆေးရာ ရောဂါပိုး အတည်ပြုတွေ့ရှိ (Positive) ဖြစ်သဖြင့် ၎င်းတိုက်နယ်ဆေးရုံရှိ ဇီဝိတသံဃာဆေးရုံအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ (Facility Quarantine) အသွား အလာကန့်သတ်ထားရှိ၍ နေ့စဉ်ကိုယ် အပူချိန်တိုင်းပေးခြင်း၊ အောက်စီဂျင် တိုင်းခြင်းတို့ဖြင့် (၁၄)ရက်အကြာ ကျန်းမာရေးစောင့်ကြပ်ပေး သွားမည်ဖြစ် ကြောင်း သိရှိရသည်။
မြစ်သားမြို့နယ်တွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကိုဗစ်-၁၉ရောဂါ ပျံ့ပွားမှု မရှိစေရေး ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်
Jul 13,2021
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ရောဂါ ပျံ့ပွားမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေး အတွက် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းကို ယနေ့ နံနက်ပိုင်းက မြစ်သားမြို့နှင့် ကူမဲမြို့အတွင်းရှိ ရပ်ကွက်များတွင် ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ခံရသူများ၏ နေအိမ်ပတ်ဝန်းကျင်နှင့် လူစည်ကားရာနေရာများ၊ လူအများသွားလာသည့် လမ်းမများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၊ ပြည်သူ့ဆေးရုံမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအစီအမံ ဆောင်ရွက်ထားရှိမှုများ မေးမြန်းချက်
Jul 13,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၊ ပြည်သူ့ဆေးရုံအနေဖြင့် လက်ရှိဖြစ်ပွား နေသော ကိုဗစ်-၁၉ ရောဂါ အန္တရာယ်အတွက် ပြင်ဆင်ဆောင်ရွက်ထားမှုနှင့် ဆေးရုံတွင် လက်ရှိ ကုသပေးနေသော ရောဂါလက္ခဏာများနှင့် ပတ်သက်၍ အကြောင်းအရာများကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်၌ ပြည်သူ့ဆေးရုံ၏ တာဝန်ခံ ဒေါက်တာ မင်းစအိုင်မွန်နှင့် သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
Jul 13,2021
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ရောဂါကာကွယ် ထိန်းချုပ်ခြင်းလုပ်ငန်းများ ထိရောက် အောင် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (ယာယီ) ရုံးခန်းမ၌ ကျင်းပခဲ့သည်။
သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုများ လျော့နည်းစေရေး အသိပညာပေးခြင်း ဆောင်ရွက်
Jul 13,2021
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုများ လျော့ပါးစေရန် ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်သင့်သည့် အချက်များကို မိတ္ထီလာခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရုံးမှ တာဝန်ရှိသူများက အသံချဲ့စက်ဖြင့် အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းကို ယနေ့ နံနက်က မြို့ပေါ်လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။