မချမ်းဘော့ ဇူလိုင် ၁၃
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ ခရီးသွားပြည်သူများ အသွားအလာ ကန့်သတ်ထားရှိရေးအတွက် မချမ်းဘော့မြို့နယ် ကျန်းမာရေးဌာနပိုင် ဝန်ထမ်းအိမ်ယာတွင် ထားရှိရေးအား ယမန်နေ့နံနက် ၁၁ အချိန်၌ Quarantine Centre ပြင်ဆင်ဆောင်ရွက် ထားကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်မှုသည် ယခုအခါ ကိုဗစ်-၁၉ရောဂါပိုးသည် အသွင်ပြောင်း ပုံသဏ္ဍာန်ဖြင့် ကူးစက်ပျံ့နှံ လျက်ရှိခြင်းကြောင့် မချမ်းဘောမြို့နယ်အတွင်း ခရီးသွားပြည်သူများအား အသွားအလာ ကန့်သတ်ထားရှိရေးနှင့် သံသယလူနာများ ရှိလာပါက စနစ်တကျ ထိန်းချုပ်ကုသရေးနိုင်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေခြင်းဖြစ်ရာ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးဝေယံမင်းသွင်နှင့် အဖွဲ့ဝင်များက Quarantine Centre ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လက်ရှိ ဆောင်ရွက်နေမှု အခြေအနေအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မချမ်းဘော့(ပြန်/ဆက်)