စစ်ကိုင်းမြို့ ဧရာဝတီမြစ်အတွင်း ညစ်ညမ်းစေသည့်ပစ္စည်းများ စွန့်ပစ်မှုမရှိစေရေး လိုက်လံကြည့်ရှုစစ်ဆေး

စစ်ကိုင်း ဇူလိုင် ၁၃

စစ်ကိုင်းမြို့ ဧရာဝတီမြစ်အတွင်း အိမ်သာများဆောက်လုပ်၍ ရေထဲသို့ အညစ်အကြေးစွန့်ပစ်မှုနှင့် အမှိုက်သရိုက်များ၊ ညစ်ညမ်းစေသည့် ပစ္စည်းများစွန့်ပစ်မှုမရှိစေရေး ယနေ့နံနက်ပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

စစ်ကိုင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ညွန့်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမောင်စိုးနှင့်တာဝန်ရှိသူများ သည် ဧရာဝတီမြစ်အတွင်း မြစ်ရေတက်လာပါက ရေဝင်ရောက်နိုင်သည့် ရပ်ကွက်များနှင့် ညစ်ညမ်းစေသည့် ပစ္စည်းများစွန့်ပစ်မှုမရှိစေရေး၊ စစ်ကိုင်းမင်းကွန်းလမ်းတွင် မြေထိန်းနံရံ တည်ဆောက်နေမှုများအား မော်တော်ဘုတ်များဖြင့် လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေလင်းအောင်(ပြန်/ဆက်)